Connect with us

Europe

ကမ္ဘာပေါ်ရှိ သစ်ကုလားအုတ်များထဲတွင် အရှည်ဆုံးဖြစ်လာမည့် ဗြိတိန်နိုင်ငံ မှ အမြင့် ၁၉ပေရှိ သစ်ကုလားအုတ်

ကမ္ဘာပေါ်ရှိ သစ်ကုလားအုတ်များထဲတွင် အရှည်ဆုံးဖြစ်လာမည့် ဗြိတိန်နိုင်ငံ မှ အမြင့် ၁၉ ပေရှိ သစ်ကုလားအုတ် ဇူလူး (ဆင်ဟွာ/huanqiu)

ဝေးလ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ၊ ဝေးလ်ပြည်နယ်၊ ပန်ဘရုတ်ရှိုင်းယား စီရင်စု အတွင်း၌ တည်ရှိသော Folly Farm တိရစ္ဆာန်ရုံတွင် ဇူလူး အမည်ရှိသော သစ်ကုလားအုတ်သည် အမြင့် ၁၉ ပေရှိကာ အခြားသော တိရစ္ဆာန်များထက် ပိုမို မြင့်မားပြီး အရွယ်အစား ကြီးမားကြောင်း သိရသည်။

သာမာန် သစ်ကုလားအုတ် တစ်ကောင်သည် မတ်တပ်ရပ် အနေအထားဖြင့် ခြေထောက်မှ ခေါင်းအထိ အရှည် ၁၅ ပေသာ ရှိသော်လည်း ဇူလူး မှာမူ အရပ် ၁၉ ပေရှိသောကြောင့် တိရစ္ဆာန်ရုံ အတွင်းရှိ အခြား သစ်ကုလားအုတ် အထီး ၃ ကောင် အလယ်၌ ထင်ထင်ရှားရှား ဖြစ်နေကြောင်း သိရသည်။

ဇူလူးသည် အလေးချိန်အားဖြင့် ၁.၃ တန် ရှိပြီး ၎င်းကို လွန်ခဲ့သော ငါးနှစ်က နယ်သာလန်မှ ပြောင်းရွှေ့ သယ်ဆောင် လာခဲ့ကြောင်း သိရသည်။

ဇူလူး မတိုင်ခင် ကမ္ဘာပေါ်တွင် အရှည်ဆုံး သစ်ကုလားအုတ် အဖြစ် မှတ်တမ်းတင်ခဲ့သော ဂျော့်ချ် အမည်ရှိ သစ်ကုလားအုတ်သည် ကိုးနှစ်သားအရွယ် ၌ မတ်တပ်ရပ် လိုက်ပါက ၁၉ ပေရှိပြီး ပေ ၂၀ မြင့်သော ၎င်း၏ လှောင်အိမ် ခေါင်မိုး နှင့် ဦးချို သည် အမြဲ ထိလုနီးပါး ဖြစ်နေကြောင်း သိရသည်။ ၎င်းကို ကင်ညာ နိုင်ငံမှ ဗြိတိန် နိုင်ငံရှိ ချက်စတာ တိရစ္ဆာန်ရုံသို့ ၁၉၅၉ ခုနှစ်က ခေါ်ဆောင်လာ ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် သေဆုံး ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.