Connect with us

Europe

သုံးနိုင်ငံစကားဝိုင်းဆွေးနွေးပွဲ လက်ခံကျင်းပခဲ့ပြီးနောက် နောက်ထပ် မြောက်ကိုရီးယားအရေးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပရန် ဆွီဒင် စီစဉ်နေ

ဆွီဒင်နိုင်ငံ၌ ကျင်းပခဲ့သည့် သုံးနိုင်ငံ စကားဝိုင်းဆွေးနွေးပွဲသို့  မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာစဉ်(ဓာတ်ပုံ-အင်တာနက်)

စတော့ဟုမ်း ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဆွီဒင်နိုင်ငံသည် ပြီးခဲ့သော ဇန်နဝါရီ ၂၁ ရက်က မြောက်ကိုရီးယား ၊ တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် ဆွေးနွေးပွဲတစ်ခုကို လက်ခံကျင်းပခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်၍ အခြား နိုင်ငံစုံပါဝင်သည့် ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပရန် စီစဉ်ထားကြောင်း ပြည်တွင်း သတင်းဌာနက ဇန်နဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံအသီးသီးမှ အထူးကိုယ်စားလှယ်များကို ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားထားပြီဖြစ်ကြောင်း ဆွီဒင်သတင်းစာ Dagens Nyheter ၏ ရေးသားချက်အရ သိရသည်။

ယုံကြည်မှုတည်ဆောက်ရေး ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ကာလရှည်စေ့စပ်ညှိနှိုင်းမှုများအပါအဝင် ကိုရီးယားကျွန်းဆွယ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးချိုဆန်ဟွာ(Choe Son Hui) ၊ တောင်ကိုရီးယားညှိနှိုင်းရေးမှူးလီဒိုဟွန်း(Lee Do hoon) နှင့် အမေရိကန်အထူးကိုယ်စားလှယ်စတီဖင်ဘိုင်ဂန်(Stephen Biegun) တို့သည် သုံးရက်ကြာ စကားဝိုင်းဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ၌ ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲအပေါ် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မာဂေါ့ဝေါစတုန်းက “ ကောင်းမွန်ပြီး ပွင့်လင်းမှုရှိသော” ဆွေးနွေးပွဲဖြစ်ကြောင်း နှင့် ယင်းမှာ ပို၍ နက်ရှိုင်းသော ချိတ်ဆက်မှုတစ်ခုအတွက် အလွန်လျော်ကန်မှုရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.