Europe
ဗြိတိန် လွှတ်တော်အမတ် West Yorkshire တွင် ပစ်သတ်ခံရ

လန်ဒန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ဗြိတိန် လေဘာပါတီ လွှတ်တော်အမတ် မစ္စက် ဂျိုကော့စ် (Jo Cox) သည် အင်္ဂလန်နိုင်ငံ West Yorkshire ရှိ Bristall ကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသလို ဓားဖြင့်လည်း ထိုးခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း Sky News က ဇွန်လ ၁၆ ရက်၌ သတင်း တင်ပြထားသည်။
အသက် ၄၁ နှစ်အရွယ် နိုင်ငံရေးသမား မစ္စက် ဂျိုကော့စ်သည် ထိုသို့ တိုက်ခိုက်ခံရပြီးနောက် Bristall လမ်းဘေးတွင် သွေးများထွက်ကာ လဲကျခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အသံလွှင့်ဋ္ဌာန က တင်ပြထားသည်။
ထိုသို့ တိုက်ခိုက် ခံရပြီးနောက် ဒေသအခေါ် Tommy Mair ဟုသိရသော အသက် ၅၂ နှစ်အရွယ် အမျိုးသား တစ်ဦးအား ယင်းနေရာ တဝိုက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
ကော့စ်သည် ၎င်း၏ မဲဆန္ဒနယ်တွင် အစည်းအဝေး ပြုလုပ်သည့် မြို့ စာကြည့်တိုက်က ထွက်လာစဉ်တွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း West Yorkshire ရဲက ပြောသည်။ (Xinhua)