Connect with us

Europe

ဘောလုံး ဝါသနာအိုး ၃၂၃ ဦးအား အကြမ်းဖက်မှု ပြစ်ဒဏ်ဖြင့် ပြင်သစ် အဓိကရုဏ်း နှိမ်နင်းရေး ရဲများက ဖမ်းဆီးထား

ဘောလုံးပွဲအတွင်း အကြမ်းဖက်သူ တစ်ဦးအား ရဲများက ဖမ်းဆီးလာစဉ် (ဓာတ်ပုံ- အင်တာနက်)

ပဲရစ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ဥရောပ ဘောလုံးပွဲစဉ်များ စတင်ခဲ့သည့် ဇွန်လ ၁၀ ရက် ကစပြီး ဘောလုံး အသင်းများ၏ ပရိသတ် အချင်းချင်းအကြား အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် လူပေါင်း ၃၂၃ ဦး ဖမ်းဆီး ခံထားရကြောင်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ဇွန်လ ၁၆ ရက်က ပြောကြားခဲ့သည်။

ယင်းအနက်မှ ၁၉၆ ဦးအား ထိန်းသိမ်းထားပြီး ၈ ဦးအား ပြစ်ဒဏ် ချမှတ်ထားကာ ၃ ဦးမှာ ဆိုင်းငံ့ ပြစ်ဒဏ်များ ချမှတ်ခံထားရသလို ၂၄ ဦးကိုမူ နေအိမ်သို့ ပြန်လွှတ်လိုက်ပြီး ဖြစ်ကြောင်း သိရသည်။
ထိန်းသိမ်း ခံထားရသူများအား မည်သည့် နိုင်ငံသားများ ဖြစ်ကြောင်းကိုမူ ဝန်ကြီးဋ္ဌာနက အသေးစိတ် ပြောကြား ထားခြင်းမရှိသော်လည်း ပြည်တွင်း မီဒီယာများ သတင်းရေးသား ထားချက်အရ အားလုံးမှာ ရုရှားနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား ဇွန်လ ၁၁ ရက်က အင်္ဂလန်နှင့် ရုရှား ပွဲစဉ်တွင် လူ ၃၅ ဦးအား ဒဏ်ရာရစေ ခြင်းကြောင့် အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အားကစား ပွဲစဉ်ကြီးအား ရုပ်ပျက်စေမည့် အကြမ်းဖက်မှုများ မြင့်တက်နိုင်ခြေ ရှိနေသည့်ကြားက ယှဉ်ပြိုင်ပွဲများ တလျှောက် လုံခြုံရေများ အပြည့်အဝဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဋ္ဌာနက ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.