Connect with us

Europe

အီဂျစ်လေယာဉ်၏ လေယာဉ်မှူးခန်းမှ ပျက်စီးနေသည့် အသံဖမ်းရီကော်ဒါအား တွေ့ရှိ

အီဂျစ်လေယာဉ်ပျက်၏ အစိတ်အပိုင်းမျာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကိုင်ရို၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

မြေထဲပင်လယ်အတွင်း ပျက်ကျသွားခဲ့သည့် အီဂျစ်လေကြောင်းလိုင်း ပျံသန်းရေး ခရီးစဉ်အမှတ် MS804 လေယာဉ်၏ လေယာဉ်မှူးအခန်းမှ အသံဖမ်းရီ ကော်ဒါအား ရှာဖွေတွေ့ရှိခဲ့သော်လည်း ၎င်းမှာ ပျက်စီး နေခဲ့ကြောင်း အီဂျစ်နိုင်ငံ လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေး ကော်မတီက ဇွန်လ ၁၆ ရက်က ပြောကြား ခဲ့သည်။

“အဲဒီ အသံဖမ်းရီကော်ဒါကို ပျက်စီးလျက် အနေအထားနဲ့ တွေ့ရှိခဲ့တယ်၊ ဒါပေမဲ့ ရီကော်ဒါအထဲက အရေးကြီးဆုံး အစိတ်အပိုင်းတွေပါ ဆယ်တင်နိုင်အောင် လုပ်ဆောင်ခဲ့ရတယ်” ဟု စုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အီဂျစ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် MS804 ဖြင့် ပျံသန်းသည့် Airbus A320 သည် မေလက လူပေါင်း ၆၆ ဦး တင်ဆောင်လျက် ပြင်သစ်မှ ကိုင်ရိုသို့ ခရီးစဉ်အတိုင်း ပျံသန်းနေစဉ် ရေဒါစနစ်မှ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ခရီးသည်များပိုင် ပစ္စည်းအချို့နှင့် လေယာဉ်၏ အစိတ်အပိုင်း တချို့အား အလက်ဇန်းဒရီးယား ဆိပ် ကမ်းမြို့ မြောက်ဘက် ကီလိုမီတာ ၂၉၀ အကွာရှိ မြေထဲပင်လယ်ထဲတွင် တွေ့ရှိခဲ့ကြောင်း အီဂျစ် စစ်တပ်က ကြေညာခဲ့သည်။

အဆိုပါ အသံဖမ်းရီကော်ဒါအား အလက်ဇန်းဒရီးယားရှိ တရားရေး အရာရှိများနှင့် စုံစမ်းစစ်ဆေးသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်၏ အစိတ်အပိုင်းများ တွေ့ရှိခဲ့သည့် နေရာများအား သင်္ဘောများ ငှားရမ်းကာ ရှာဖွေခဲ့ကြောင်း၊ အဆိုပါ လေယာဉ် ပျက်ရခြင်း အကြောင်းရင်းအား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းနှင့် အကြမ်းဖက် ဗုံးဖောက်ခွဲ ခြင်းနှင့် နည်းပညာ ချို့ယွင်းမှုများ အပါအဝင် သက်သေပြနိုင်ရန် နည်းလမ်းမျိုးစုံအား စုံစမ်းနေဆဲဖြစ်သော် လည်း ခိုင်မာသည့် သဲလွန်စ တစ်စုံတစ်ရာ ရှာမတွေ့သေးကြောင်း သိရသည်။ (Xinhua)