Connect with us
Europe
ပြင်သစ်တွင် Yellow Vests ဆန္ဒပြမှုငါးပတ်မြောက်ဆင်နွှဲရန်ပြင်
ပဲရစ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဝင်ငွေကျဆင်းမှု နှင့်လူနေမှုစရိတ်မြင့်တက်လာမှုတို့ကြောင့်ပြည်သူများမကျေမနပ်ဖြစ်မှုများကိုရပ်တန့် နိုင်ရန်ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်(Emmanuel Macron) ကနည်းလမ်းများဆောင်ရွက်နေ သော်လည်း၊နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာလ ၁၅ ရက်၌ Yellow Vests ခေါ်ဆန္ဒပြမှုအသစ်များထပ်မံဖြစ် ပွားလာဖွယ်ရှိရာဖြစ်ပေါ်လာနိုင်သည့်အကြမ်းဖက်မှုများကိုထိန်းချုပ်သွားနိုင်ရန်ပြင်သစ်အစိုးရကလည်း ထောင်နှင့်ချီသော လုံခြုံရေးအရာရှိများနှင့် လက်နက်တင်ကားများက ိုအသုံးပြု၍လုံခြုံရေးလုပ်ငန်းများ ကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမည်ဟုသိရသည်။
လွန်ခဲ့သည့်သီတင်းပတ်ကုန်ကကဲ့သို့ပင် ဒီဇင်ဘာလ ၁၅ ရက်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၈၉,၀၀၀ ခန့်ကို နိုင်ငံတစ်ဝန်းရှိမြို့ကြီးများ၌တပ်ဖြန့်ချထားမည်ဟုသိရသည်။ ပဲရစ်မြို့တော်၏လမ်းများပေါ်တွင်လည်း လုံခြုံရေးအရာရှိ ၈,၀၀၀ ခန့်ကလက်နက်တင်သံချပ်ကာကားများနှင့်အတူ ဒုတိယမြောက်ရက်သတ္တ ပတ်အဖြစ် လုံခြုံရေးကိုဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။လုံခြုံရေးအရာရှိများကမြို့တော်၏အ ဓိကနေရာများဖြစ်သော အီလီဆီနန်းတော်နှင့်လွှတ်တော်အဆောက်အအုံတို့အနီးသို့ ဆန္ဒပြသမားများ ချဉ်းကပ်မလာနိုင်စေရန်လည်းတားဆီးကြမည်ဖြစ်သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် Yellow Vests ဆန္ဒပြသမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များတားဆီးနှိမ်နင်းနေစဉ်။(ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် Yellow Vests ဆန္ဒပြသမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များတားဆီးနှိမ်နင်းနေစဉ်။(ဆင်ဟွာ)
ဒီဇင်ဘာလ ၈ ရက်တွင် နိုင်ငံတစ်ဝန်း၌ဆန္ဒပြသမား ၁၃၆,၀၀၀ ခန့်ကသမ္မတမက်ခရွန်၏ခေါင်းဆောင် မှုက ိုရှုတ်ချဆန့်ကျင်ကြရန် အတွက် Yellow Vests ဆန္ဒပြမှု အား လေးပတ်မြောက်အဖြစ် ဆင်နွှဲခဲ့ကြ သည်။နိုဝင်ဘာလ ၁၇ ရက်မှစကာရက်သတ္တပတ်ကုန်ရက်များ၌ ပြုလုပ်လာခဲ့သော Yellow Vests ဆန္ဒပြမှုတွင် ဆန္ဒပြသမားများက လူချမ်းသာများကိုသာမျက်နှာသာပေးထားသည့် သမ္မတမက်ခရွန်၏ ဘဏ္ဍာရေးနှင့်စီးပွားရေးမူဝဒများကြောင့် ပြင်သစ်ပြည်သူအများစုတွင်ကုန်ကျစရိတ်မြင့်မားကာ လူနေ မှုစရိတ်များလည်းတိုးတက်နေရကြောင်းထုတ်ဖေါ်ရှုတ်ချခဲ့ကြသည်။ အချို့သောဆန္ဒပြသမားများကမူ သမ္မတမက်ခရွန်အားရာထူးမှနုတ်ထွက်ရန်အထိတောင်းဆိုလာကြသည်။သမ္မတမက်ခရွန်က ယခုရက် သတ္တပတ်အတွင်းတွင်မူလူမှုမကျေနပ်မှုများအားလိုက်လျောဖြေလျှော့သည့်အနေနှင့် အနည်းဆုံးလစာ များကိုတိုးပေးရန်နှင့်အခွန်ကင်းလွတ်ခွင့်အချို့ပါသည့် ‘စီးပွားရေးနှင့်လူမှုရေးအရေးပေါ်အစီအစဉ်’ ကို ကမ်းလှမ်းခဲ့သည်။သို့ရာတွင် သမ္မတမက်ခရွန်၏ဖြေလျှော့မှုများက မလုံလောက်ကြောင်းပြောကြားခဲ့ကြပြီး ဆန္ဒပြသမား များက ငါးပတ်မြောက် Yellow Vests ဆန္ဒပြမှုကိုဆင်နွှဲရန် လူမှုမီဒီယာပေါ်တွင်စုစည်းခဲ့ကြသည်။
(Xinhua)