Connect with us

Europe

ယူကရိန်းတွင် Su-27 တိုက်ဂျက်လေယာဉ်ပျက်ကျ၍ လေယာဉ်မှူးသေဆုံး

ယူကရိန်းနိုင်ငံတွင် ယခင်ကပျက်ကျခဲ့သည့် Su-27 တိုက်ဂျက်လေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိဗ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းတွင် Su-27 တိုက်ဂျက်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးသွားခဲ့ကြောင်း ယူကရိန်းနိုင်ငံ လေတပ်ဦးစီးချုပ်က ၎င်း၏ Facebook ၌ရေးသားခဲ့သည်။

အဆိုပါ လေယာဉ်သည် ပုံမှန်ပျံသန်းမှု တစ်ခု ပြုလုပ်နေပြီး ဒေသစံတော်ချိန် နေ့လည် ၃နာရီတွင် Zhytomyr ဒေသသို့ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။အောက်တိုဘာ ၁၆ ရက်တွင်လည်း ယူကရိန်းနိုင်ငံ အလယ်ပိုင်း Vinnytsya ဒေသတွင် “Clear Sky-2018” နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုဆောင်ရွက်နေစဉ် Su-27 ဂျက်လေယာဉ်ပျက်ကျခဲ့၍ လေယာဉ်မှူး ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)