Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း မှ တရုတ် နိုင်ငံ ဒုတိယ ကမ္ဘာစစ် တော်လှန်ရေး အောင်ပွဲနှင့် ပတ်သက်၍ ဆင်ဟွာ အင်တာဗျူ အား လက်ခံဖြေကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မှ သြဂုတ်လ ၂၈ ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ဆင်ဟွာ အင်တာဗျူး အား လက်ခံ ဖြေကြားနေစဉ် (ဆင်ဟွာ)

နယူးယောက် ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သည် သြဂုတ်လ ၂၈ ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် တရုတ် နိုင်ငံ၌ စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ဖက်ဆစ် ဂျပန် တော်လှန်ရေးနှင့် ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အခမ်းအနားနှင့် ပတ်သက်၍ ဆင်ဟွာ သတင်းဌာန ၏ အင်တာဗျူး အား လက်ခံ ဖြေကြား ခဲ့သည်။

ဘန်ကီမွန်းမှ တရုတ် နိုင်ငံ၏ ဒုတိယ ကမ္ဘာစစ် အတွင်း ကြုံတွေခဲ့ရသည့် နစ်နာမှု နှင့် စစ်ပွဲအတွင်း ပေးဆပ်မှု များကို နိုင်ငံတကာ မှ သိရှိထားပြီး ဖြစ်ကြောင်း ၊ စစ်ပွဲ အတွင်း တရုတ် နိုင်ငံမှ ခံစား ခဲ့ရသော ဝေဒနာ များကိုလည်း ကမ္ဘာ့နိုင်ငံ အရပ်ရပ် မှ လူထု တို့၏ အသိအမှတ် ပြုခြင်း နှင့် စိတ်မကောင်း ခြင်း များ ဖြစ်စေခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဘန်ကီမွန်း မှ တရုတ် နိုင်ငံသည် ကမာ့္ဘ ဖက်ဆစ် တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု ၏ အရှေ့ အရှ အရပ် စစ်မျက်နှာ ပြင်တွင် အဓိက အင်အား တစ်ရပ် ဖြစ်စေခဲ့ပြီး ဖက်ဆစ် ဂျပန် တော်လှန်ရေး စစ်ပွဲ အောင်နိုင်ရေး အတွက် ကြီးမားသော ဆုံးရှုံးမှုများ ပေးဆပ်ကာ သမိုင်းတွင် စေခဲ့သည့် ကြီးမားသော ပေးဆပ်မှု တစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိချိန်တွင် ကမ္ဘာ့နိုင်ငံ အရပ်ရပ်မှ ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားများ ကျင်းပနေစဉ်တွင် အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းမှ သမိုင်းတွင် စေသည့် အဖြစ်ဆိုးကြီးမှ သင်ခန်းစာ ရယူပြီး ပိုမို ကောင်းမွန်သည့် အနာဂတ် တစ်ခု တည်ဆောက်သွားရန် လိုအပ်ကြောင်းလည်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သည် စက်တင်ဘာလ ၃ ရက်နေ့တွင် ပေကျင်းမြို့၌ ကျင်းပ မည့်အခမ်းအနား သို့တက်ရောက်မည် ဖြစ်ပြီး နိုင်ငံ ပေါင်း ၃၀ မှ နိုင်ငံ့ ခေါင်းဆောင်များ ၊ အစိုးရ အကြီးအကဲ များနှင့် တွေ့ဆုံမည် ဖြစ်သည်။ အစိုးရ အဆင့်မြင့် ကိုယ်စားလှယ် ၁၉ ဦး နှင့် အပြည်ပြည်ဆိုင်ရာ နှင့် ဒေသတွင်း အဖွဲ့အစည်း ၁၀ ခု တို့မှ တာဝန်ရှိသူ များသည်လည်း တရုတ် နိုင်ငံ၌ ကျင်းပမည့် ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အခမ်းအနားကို တက်ရောက်ကြမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.