Connect with us

International Organizations

ရေလွှမ်းမိုး ခံခဲ့ရသော မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂနှင့် ကူညီရေး အဖွဲ့များ အရှိန်အဟုန်မြှင့် ထောက်ပံ့

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ ရေကြီးနေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများက မြန်မာနိုင်ငံ တာဝန်ရှိသူများ၊ လူမှု အဖွဲ့အစည်းများ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းများမှ ဆောင်ရွက်နေသော ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများတွင် အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်နေကြောင်း ကုလသမဂ္ဂရုံး (OCHA) ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြေကြားခဲ့သည်။

မြန်မာနိုင်ငံ တာဝန်ရှိသူများ အဆိုအရ ရေဖုံးလွှမ်းမှုနှင့် မြေပြိုကျခြင်း ဒဏ်ကြောင့် လူပေါင်း ၃၃၀,၀၀၀ ကျော်ခံစားခဲ့ရပြီး လူ ၉၀ နီးပါး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် စတီဖင်န် ဒူဂျာရစ် က ပြောပါသည်။ကြာသပတေးနေ့ အထိ စာရင်းအရ လူပေါင်း ၁၀၃,၀၀၀ ဦးအတွက် အစားအစာ ၄၀၀ မတ်ထရစ်တန်၊ ရေသန့်ဆေးပြား ၆၂၀,၀၀၀ နှင့် အခြား အစားအစာ နှင့် အသုံးဝင် ပစ္စည်းများလည်း ဖြန့်ဖြူး ပေးထားပြီး ဖြစ်ပါသည်။

ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် နှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အမ်မွန် မာဖီ က “ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဝန်ထမ်းတွေဟာ အရေးကြီးဆုံး ဒေသ တွေဆီကို ရောက်ရှိနေပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ လက်တွဲ၍ ကျွန်ုပ်တို့ စွမ်းအားတွေနဲ့ ကူညီပေးနိုင်တာတွေ အကုန် လုပ်ပေးသွားမယ်” ဟု ပြောပါသည်။

ကူညီပေးသော အဖွဲ့အစည်းများအား အရေးပေါ်ကယ်ဆယ်ရေး ဗဟို ရံပုံငွေ မှ အမေရိကန် ဒေါ်လာ ၉ သန်း သုံးစွဲရန် ခွင့်ပြုခဲ့ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးအတွင်း က လူပေါင်း ၁၆၀,၀၀၀ ဦး အတွက် ကူညီကယ်ဆယ်ရေး အထောက်အပံ့ ပေးရန်ဖြစ်ပါသည်။

သို့သော်လည်း ယင်းရံပုံငွေများသည် ရေလွှမ်းမိုးခံ လူမှု အသိုင်းအဝိုင်းအားလုံး၏ အရေးပေါ် လိုအပ်ချက်များအား လုံလောက်မှု ပေးနိုင်မှာ မဟုတ်ကြောင်း သတိပြုစေလိုပြီး အနည်းဆုံးကုန်ကျစရိတ် ဒေါ်လာ သန်း ၅၀ နီးပါး ကုန်ကျနိုင်ကြောင်း (OCHA) ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ စာရင်းအရ ရခိုင်ပြည်နယ် အနောက်ပိုင်း၌ လူသေဆုံးမှု အများဆုံး ဖြစ်ပြီး အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကျွဲနွား တိရစ္ဆာန်ပေါင်း ၄,၆၅၀၊ လူပေါင်း ၈၅,၄၀၀ ပြောင်းရွှေ့ခဲ့၍ လူနေအိမ်ပေါင်း ၁၀,၉၅၆ ပျက်စီးခဲ့ရပြီး လယ်ယာစိုက်ဧက ၈၈,၁၂၀ ဟက်တာကျော် ပျက်စီးခဲ့သည်။

ရေလွှမ်းမိုးမှုသည် တောင်ဘက်သို့ တဖြည်းဖြည်း ရွှေ့လျားနေပြီး နိုင်ငံတောင်ဘက်ပိုင်း ဒေသများ ထိခိုက်မှု ရှိလာနိုင်ကြောင်း သိရပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117