International Organizations
မယ်စကြာဝဠာ ၂၀၁၅ သရဖူ ဖိလစ်ပိုင်အလှမယ်ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့တွင် ဒီဇင်ဘာလ ၂၀ ရက်က ကျင်းပခဲ့သော ၂၀၁၅ ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု အလှမယ် ပီယာအလွန်ဇို ဝုဇ်ဘတ်ချ် (Pia Alonzo Wurtzbach ) မယ်စကြာဝဠာ (Miss Universe ) သရဖူကို ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၁၅ ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း (၈၀) မှ အလှမယ်များ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် မေဘရဏီသော်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ယခုကျင်းပသည့် Miss Universe 2015 ပြိုင်ပွဲ နောက်ဆုံး ဆန်ခါတင် အလှမယ် ၅ယောက်စာရင်းတွင် ပြင်သစ် ၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ သြစတြီးယား နှင့် အမေရိကန်ပြည်ထောင်စု တို့ မှ အလှမယ်များ ပါဝင်ခဲ့ပြီး 1st Runner Up အဖြစ် ကိုလံဘီယာ အလှမယ်၊ 2nd Runner Up အဖြစ် အမေရိကန်ပြည်ထောင်စု အလှမယ်တို့က ရရှိခဲ့ကြသည်။
မယ်စကြာဝဠာ (Miss Universe ) သရဖူ ရရှိခဲ့သော ဖိလစ်ပိုင် အလှမယ်က “အမေရိကန်စစ်စခန်းတွေ ဖိလစ်ပိုင်ကို ပြန်လာမှာ ကြိုဆိုပါကြောင်း၊HIV တိုက်ဖျက်ရေးလို ပရဟိတလုပ်ငန်းတွေကို ကမ္ဘာနဲ့အဝန်းဆောင်ရွက်ချင်တာကြောင့် Miss Universe 2015 ဖြစ်ချင်တာဖြစ်ကြောင်း’’ ပြောကြားခဲ့သည်။
ယခုအခမ်းအနားတွင် အခမ်းအနားတင်ဆက်သူက 2015 Miss Universe ရရှိသူအဖြစ် ကိုလံဘီယာ အလှမယ်ကို ဦးစွာ မှားယွင်း ကြေညာမိ သဖြင့် အငြင်းအခုံများ ဖြစ်ခဲ့ကြကြောင်းသိရသည်။ (Xinhua)