Connect with us

International Organizations

၂၀၁၅ ခုနှစ်၏ ထင်ရှားသော နိုင်ငံတကာ ဖြစ်ရပ်များမှ ကောက်နှုတ်ချက်များ

၂၀၁၅ ခုနှစ် အဓိကဖြစ်ရပ်များ (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့ရှိ ဘင်ဆန် တာဝါအား ငလျင် မလှုပ်မီ နှင့် လှုပ်ပြီးနောက်ပိုင်း တွေ့ရစဉ် (အင်တာနက်)

(၁) ဆုံးရှုံးမှုပေါင်းများစွာဖြင့် နီပေါငလျင်
နီပေါနိုင်ငံတွင် ဧပြီလ ၂၄ ရက်၌ ပြင်းအား ပမာဏ ၇.၉ ရစ်ချ်တာ စကေးရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ဧဝရတ် တောင်တက်သမားများ အပါအဝင် လူပေါင်း ၄,၃၅၅ ဦး သေဆုံးခဲ့သလို လူပေါင်း ရှစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ကာ အိမ်ခြေပေါင်း လေးသောင်းကျော် ပျက်စီးခဲ့သည်။

ဂရိ အလံအား တွေ့ရစဉ် (အင်တာနက်)
(၂) ဂရိ ကြွေးမြီအရေး
ဂရိနိုင်ငံ ရင်ဆိုင်နေရသည့် ကြွေးမြီကိစ္စနှင့် ယူရိုဇုန်မှ ဂရိ ခွဲမထွက်ရေး အကြိတ်အနယ် ဆွေးနွေးခဲ့ရသလို တစ်ကျော့ပြန် ရွေးချယ်ခံခဲ့ရသည့် ဝန်ကြီးချုပ် အဲလက်ဆီ စီးပရက် (Alexis Tsipras) သည် ဥရောပ သမဂ္ဂ၏ သက်တမ်း သုံးနှစ် ရှိသော အရေးပေါ် ကယ်ဆယ်ရေး ချေးငွေ ယူရို ၈၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၃ ဘီလီယံ) အား ဇူလိုင်လ ၁၃ ရက်က သဘောတူ လက်ခံခဲ့သည်။

မားစ်ဂြိုလ်၌ ရေတွေ့ရှိမှုအား နာဆာမှ ဓာတ်ပုံ ရိုက်ကူးထားစဉ် (ဆင်ဟွာ)
(၃) မားစ် (Mars) ဂြိုလ်မှာ ရေတွေ့
မားစ် ခေါ် အင်္ဂ ါဂြိုလ်ပေါ်၌ ပထမဆုံးအကြိမ် ရေစတင် တွေ့ရှိကြောင်း နာဆာ သိပ္ပံပညာရှင်များက စက်တင်ဘာ ၂၅ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ သိပ္ပံ ပညာရှင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ ဝန်းကျင်က အင်္ဂ ါဂြိုလ်မှာ အေးခဲ ခြောက်သွေ့နေပြီး ရေများသည် ရေခဲ အဖြစ်သို့ ပြောင်းလဲကုန်ကြောင်း ယူဆထား သော်လည်း ယခု တွေ့ရှိချက်အသစ်သည် ဂြိုလ်ပေါ်တွင် ရေသည် အရည်အဖြစ် တည်ရှိနေကြောင်း အတည်ပြု နိုင်ခဲ့သည်။

V.Day စစ်ရေးပြ အခမ်းအနားအား သမ္မတ ရှီကျင့်ဖိန် ကြည့်ရှု စစ်ဆေးနေစဉ် (ဆင်ဟွာ)
(၄) တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန် တော်လှန်ရေး နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား (V.Day)
တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား (V.Day) အား ထျန်းအန်းမင် ရင်ပြင်၌ စက်တင်ဘာလ ၃ ရက်က ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံက ထုတ်လုပ် ထားသည့် အမျိုးမျိုးသော စစ်လက်နက် ပစ္စည်းများအား ပြသခဲ့သလို စစ်ရေးပြ အခမ်းအနားတွင် တရုတ်နိုင်ငံသား စစ်သား နှင့် စစ်သမီးပေါင်း ၁၂,၀၀၀ တို့နှင့်အတူ ပြည်ပ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စစ်သား ပေါင်း ၁,၀၀၀ ကျော်တို့က အတူတကွ စစ်ရေးပြခဲ့ကြသည်။ ထိုအခမ်းအနားသို့ အမေရိကန်၊ တောင်ကိုရီးယား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်အများအပြား တက်ရောက် ခဲ့ကြသည်။ တရုတ် နိုင်ငံ၏ စစ်သည်အင်အား သုံးသိန်း လျှော့ချမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စစ်ရေးပြ အခမ်းအနား၌ ကြေညာခဲ့သည်။

ရွှေ့ပြောင်းသွားလာ ဆီးရီးယား ဒုက္ခသည်များ (ဆင်ဟွာ)
(၅) ဆီးရီးယား ဒုက္ခသည်အရေး
၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက စပြီး ဆီးရီးယား နိုင်ငံတွင်းမှ ပြည်တွင်း စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်သူများနှင့် အခြားနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ ဒုက္ခသည်များသည် ဥရောပ နိုင်ငံများသို့ အလုံးအရင်းနှင့် ဝင်ရောက် လာခဲ့သည်။ ဥရောပနိုင်ငံများ အကြား၌လည်း ဒုက္ခသည် မျှဝေ လက်ခံရေးနှင့် နယ်စပ် လုံခြုံရေး ပြဿနာသည် အချေအတင် ဆွေးနွေးနေရသည့် ကိစ္စရပ် ဖြစ်လာသည်။ ယင်းကိစ္စများကြားမှ နိုင်ငံတကာ စာမျက်နှာပေါ်တွင် အထူး ဂရုဏာသက် အာရုံစိုက်မိခဲ့သည့် သတင်းမှာ စက်တင်ဘာ ၂ ရက်က တူရကီ ကမ်းခြေပေါ်တွင် သောင် တင်နေခဲ့သည့် သုံးနှစ်အရွယ် ဆီးရီးယား ကလေးငယ်၏ ရုပ်အလောင်း ဓာတ်ပုံနှင့် ၎င်းဖခင်၏ ဗွီဒီယို အသံဖိုင်တို့ ဖြစ်သည်။

ရုရှား တိုက်လေယာဉ် ပျက်ကျနေစဉ် (ဆင်ဟွာ)
(၆) ရုရှားလေယာဉ် ပစ်ချခံရ
ဆီးရီးယားရှိ အိုင်အက်စ် (IS) များအား တိုက်ခိုက်မည့် ရုရှားတိုက်လေယာဉ် SU-24 သည် တူရကီနှင့် ဆီးရီး ယား နယ်စပ်အနီးတွင် နိုဝင်ဘာ ၂၅ ရက်က တူရကီတိုက်လေယာဉ်၏ ပစ်ချခြင်းခံရသည်။ လေယာဉ်မှူး နှစ်ဦး မှာ လေယာဉ်ထဲမှ ခုန်ထွက်ခဲ့ပြီး တစ်ဦးမှာ မြေပြင်မှ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကာ ကျန်တစ်ဦးကို ရုရှား လေတပ်စခန်းက ကယ်တင်နိုင်ခဲ့သည်။

ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)
(၇) မြန်မာနိုင်ငံ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ
မြန်မာနိုင်ငံ၏ သမိုင်းဝင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့ သည်။ နိုင်ငံရေးပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်ပေါင်း ၆,၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ထိုရွေးကောက်ပွဲ တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အမတ်နေရာ အများစု အနိုင်ရရှိခဲ့သည်။ ဥရောပသမဂ္ဂက ရွေးကောက်ပွဲ လေ့လာသူ ၁၅၀ ဦးက စောင့်ကြည့် လေ့လာခဲ့ပြီး ရွေးကောက်ပွဲ၏ မဲပေးသည့် စနစ်မှာ ၉၄ ရာခိုင်နှုန်း ကောင်းမွန်ကြောင်း ဥရောပ သမဂ္ဂ၏ နိုဝင်ဘာလ ၁၀ ရက်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဆိုင်ရာ ပဏာမ ကြေညာချက်တွင် ဖော်ပြထားသည်။ ရွေးကောက်ပွဲ ရလဒ်ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုခဲ့သည်။

ကုလသမဂ္ဂ ရာသီဥတု ညီလာခံ၌ အဖွဲ့ဝင်နိုင်ငံ တချို့၏ အလံများအား တွေ့ရစဉ် (ဆင်ဟွာ)
(၈) ပဲရစ်မြို့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီမှု
ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကာကွယ် ထိန်းချုပ်ရန် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံတို့က ပါဝင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်က သဘောတူ လက်မှတ် ရေးထိုးခဲ့ ကြသည်။

အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) (ဆင်ဟွာ)
(၉) အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB)
နိုင်ငံတကာ အခြေခံ အဆောက်အအုံ လိုအပ်ချက်များနှင့် ငွေကြေး စနစ်များအား ပြီးပြည့်စုံစေရန် ရည်ရွယ်ထားသည့် တရုတ်နိုင်ငံ အခြေစိုက် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) အား မြန်မာနိုင်ငံက မူလအဖွဲ့ဝင် (Founder Member) အဖြစ် ပါဝင် လက်မှတ် ရေးထိုးထားသလို အာဆီယံ နိုင်ငံများ၊ အင်္ဂလန်၊ ပြင်သစ် စသည့် မူလအဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်သည်။ AIIB တွင် တရုတ်နိုင်ငံက ၃၀.၃၄ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံက ၈.၅၂ ရာခိုင်နှုန်း နှင့် ရုရှားနိုင်ငံက ၆.၆၆ ရာခိုင်နှုန်း စသဖြင့် အသီးသီး ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားကြောင်း သိရသည်။ AIIB ရုံးချုပ်အား ဒီဇင်ဘာလ ၂၅ ရက်တွင် ပေကျင်း၌ တရားဝင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းများ စတင် လည်ပတ်နိုင်မည် ဖြစ်သည်။ AIIB တွင် တရုတ် နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၉.၇၈၀၄ ဘီလီယံ ပါဝင်ပြီး AIIB ၏ ရှယ်ယာ ပိုင်ဆိုင်မှု အများဆုံးနှင့် မဲပေးခွင့် ရာခိုင်နှုန်း အများဆုံး နိုင်ငံဖြစ်သည်။

အာဆီယံ အသိုက်အဝန်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အာဆီယံ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)
(၁၀) အာဆီယံ အသိုက်အဝန်း
အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀ နိုင်ငံ ပူးပေါင်းလျက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အာဆီယံ အသိုက်အဝန်း (ASEAN Community) ကို ထူထောင်ရန် တည်ထောင်မည် ဖြစ်ကြောင်း အာဆီယံ ခေါင်းဆောင်များက ယခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကြေညာခဲ့ကြသည်။ အာဆီယံ အသိုက်အဝန်း၏ အဓိက မဏ္ဍိုင် သုံးရပ်မှာ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းတို့ ဖြစ်သည်။ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်းဖြင့် လူဦးရေ သန်း ၆၀၀ ဝန်းကျင်ရှိသော အရှေ့တောင် အာရှ ဒေသကို မိသားစု တစ်ခု သဖွယ် ပေါင်းစည်းသွားရန် ရည်ရွယ်ထားသလို အာဆီယံ ပြည်သူလူထု အတွက်လည်း အခွင့်အလမ်းများစွာ ထောက်ပံ့ ပေးနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.