Connect with us

International Organizations

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ က စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှုကို လျှော့ချရန် တိုက်တွန်း

ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ် အဆောက်အဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ကျွိတုန်းယွီ က စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု ပြဿနာသည် လက်ရှိတွင် ရင်ဆိုင်နေရသော ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး သီထွင်စမ်းသစ်သည့် စီမံခန့်ခွဲမှု ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ စိုက်ပျိုးရေး လုပ်ငန်း နှင့် စာနပ်ရိက္ခာ စနစ် အား ဒစ်ဂျစ်တယ် ပုံစံအဖြစ် ပြောင်းလဲခြင်း ၊ စားနပ်ရိက္ခာဈေးကွက် ကို အသစ်ပြန်လည် ရေးဆွဲခြင်း တို့ဖြင့် စိန်ခေါ်မှုအား ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက် ၌ ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ၊ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုဌာန နှင့် ကုလသမဂ္ဂ အခြားဌာန တို့က စက်တင်ဘာ ၂၉ ရက် တွင် ဗီဒီယို မှ တစ်ဆင့် အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ပထမ အကြိမ် အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု ပြဿနာ ဖြေရှင်းရေးနေ့ ကို ကြိုဆိုခဲ့ကြသည်။ အစည်းအဝေး တွင် ကျွိတုန်းယွီ က စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု လျှော့ချခြင်း သည် လူသားအားလုံး၏ တာဝန်ဖြစ်ပြီး မိသားစု နှင့် ကလေးသူငယ်များကို စားနပ်ရိက္ခာ ကို တန်ဖိုးထားရန် စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က အစည်းအဝေးတွင် စားနပ်ရိက္ခာ ဆုံးရှုံးခြင်း နှင့် ဖြုန်းတီးခြင်း သည် ကျင့်ဝတ်အရ ခွင့်လွှတ်၍ မရကြောင်း ၊ ကမ္ဘာပေါ်တွင် လူသား အားလုံး စားသောက်နိုင်ရန် လုံလောက်သော စားနပ်ရိက္ခာ ရှိသော်လည်း လူသန်းပေါင်း ၆၉၀ က အစားအသောက် ငတ်မွမ်းနေကြပြီး လူပေါင်း ၃ ဘီလီယံ က ကျန်းမာသည့် အစားအစာ ကို စားသုံးခွင့်မရကြောင်း ၊ ကမ္ဘာ့နိုင်ငံအသီးသီး အနေဖြင့် အတူတကွ လက်တွဲကာ စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု ကို လျှော့ချသွားပြီး ကမ္ဘာ့လူသာအားလုံး အတွက် ကောင်းကျိုးဆောင်သွားကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အတွင်းရေးမှူးချုပ် က COVID-19 ရောဂါ ဖြစ်ပွားချိန်တွင် ကမ္ဘာ့စားနပ်ရိက္ခာစနစ် ၏ အားနည်းမှု ကို ပိုမို ပေါ်လွင်စေခဲ့ပြီး မိမိတို့ အနေဖြင့် နည်းလမ်းသစ် ကို ရှာဖွေရမည် ဖြစ်ကြောင်း ၊ နိုင်ငံ အသီးသီး အနေဖြင့် စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု လျှော့ချမည့် သတ်မှတ်ချက်ကို ဦးစွာ ချမှတ်သွားပြီး မိမိ နိုင်ငံ စားနပ်ရိက္ခာ အခြေအနေ ကို သုံးသပ်ကာ စားနပ်ရိက္ခာ ဆုံးရှုံးမှု နှင့် ဖြုန်းတီးမှု လျှော့ချသည့် ဆောင်ရွက်မှု ကို ပြုလုပ်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂသည် ၂၀၁၄ ခုနှစ် မှ စတင်၍ ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ငတ်မွမ်းသည့် လူဦးရေ အဆက်မပြတ် မြင့်တက်လာသည်ကိုမီးမောင်းထိုး ခဲ့ပြီး ကမ္ဘာပေါ်တွင် ၁၄ ရာခိုင်နှုန်းခန့်သော စားနပ်ရိက္ခာ က ရိပ်သိမ်းချိန် မှ ရောင်းချချိန်ကြား  လေလွင့် ဆုံးရှုံးသွားခဲ့ကြောင်း ၊ ရောင်းချမှု နှင့် စားသုံးမှု ကြားလုပ်ငန်းစဉ် တွင်လည်း စားနပ်ရိက္ခာများစွာ ဖြုန်းတီးခံရကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.