Connect with us

International Organizations

ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်း ကိုယ်စားလှယ်က အီးယူ စသည့် နိုင်ငံများ၏ တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ပြစ်တင်ဝေဖန်မှုအား အပြင်းအထန် ကန့်ကွက်

ကုလသမဂ္ဂအစည်းအဝေး တတိယကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံဒုတိယ အမြဲတမ်းကိုယ်စားလှယ် တိုက်ပင်း က အောက်တိုဘာ ၅ ရက်၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအစည်းအဝေး တတိယကော်မတီ အစည်းအဝေးတွင် အီးယူ ၊ ချက် နှင့် ကနေဒါ စသည့် နိုင်ငံများ ၏ တရုတ် နိုင်ငံ အပေါ် အကြောင်းမဲ့ပြစ်တင်ဝေဖန်မှု အား အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။

တိုက်ပင်း က အီးယူ ၊ ချက် နှင့် ကနေဒါ စသည့် နိုင်ငံများ၏ ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ ပြည်တွင်းရေးနှင့် ပတ်သက်၍ အကြောင်းမဲ့ဝေဖန်မှုများပြုလုပ်ပြီး တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း ၊ ဖြစ်စဉ်အား ဖော်ပြရာတွင် လက်တွေ့ဖြစ်ရပ်နှင့်ကိုက်ညီမှုမရှိဘဲ နာမည်ဖျက်ခြင်း နှင့် မဟုတ်မမှန်သည့် သတင်းများကိုဖော်ပြနေေကြာင်း ၊ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ က လုံးဝကျေနပ်ခြင်းမရှိကြောင်း နှင့် ခိုက်မာစွာ ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။

ထိုနောက် တိုက်ပင်း က ရှင်းကျန်း နှင့် ပတ်သက်သည့် ကိစ္စရပ်သည် အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ က ပညာပေးသည့် ပုံစံဖြင့် အစွန်းရောက်မှုပပျောက်ရေးကိုဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှုက အကြမ်းဖက်မှုမကြာခဏ ဖြစ်ပွားသည့် အလားအလာ ကို တားဆီး နိုင်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ၏ အသက်အန္တရာယ် လုံခြုံရေး ကို အာမခံချက်ပေးနိုင်ခဲ့ကြောင်း ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လူနေမှုဘဝကိုလည်းများစွာ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှု က ရှင်းကျန်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ အခြေခံလူ့အခွင့်အရေးကို များစွာ အာမခံချက်ပေးနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်သည့် သဘောထားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း စိတ်ဝင်စားသော အချက်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး နိုင်ငံပေါင်း ၉၀ ကျော် မှ အဖွဲ့အစည်းပေါင်း ၁၀၀ ခန့်ကို ရှင်းကျန်းသို့ အကြိမ်ပေါင်း ၁ ထောင် လာရောက်လေ့လာစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တိုက်ပင်း က ရှင်းကျန်း ၊ တိဗက် နှင့် ဟောင်ကောင် ကိစ္စရပ်များသည် တရုတ်နိုင်ငံ ပြည်တွင်းရေးသားဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် အီးယူ ၊ ချက် နှင့် ကနေဒါ နိုင်ငံ တို့အား ဖြစ်ရပ်မှန် ကို လေးစားရန် အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း ၊ အမြင်စောင်းသည့် အယူဝါဒ ကို ဖယ်ရှား၍ လူ့အခွင့်အရေး ပြဿနာ အား နိုင်ငံရေးအသွင်ဆောင်ပြီး စံသတ်မှတ်ချက် နှစ်မျိုးမထားရှိရန် နှင့် တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် ပြောကြားလိုကြောင်း ၊ လက်ရှိနိုင်ငံတကာအသိုင်းအဝိုင်း တွင် စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် အတူတကွ စိန်ခေါ်မှုကို ရင်ဆိုင်သွားရန် တိုက်တွန်းနေကြကြောင်း ၊ အီးယူ ၊ ချက် နှင့် ကနေဒါ နိုင်ငံ တို့ အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အကျိုးစီးပွားကို အလေးထား၍ ကုလသမဂ္ဂ ပလတ်ဖောင်းကိုအသုံးပြု၍ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားအောင် ပြုလုပ်ခြင်းကို ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ပူးပေါင်းဆောင်ရွက်သည့် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပြီး နိုင်ငံအသီးသီး နှင့် အတူတကွ အခက်အခဲကို ကျော်ဖြတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)