Connect with us

International Organizations

နိုင်ငံပေါင်းစုံပါဝင်ရေး ဝါဒကို ခိုင်မာစွာထောက်ခံရင်း ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထေွထွေညီလာခံပြီးဆုံး 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် နှင့် ၇၅ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေ ညီလာခံဥက္ကဋ္ဌ Volkan Bozkis တို့ ညီလာခံခန်းမအတွင်း စကားပြောနေစဉ်(ဆင်ဟွာ)

 

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ဗီဒီယိုလင့်ခ်မှတဆင့် ကျင်းပသော ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA75) တွင် ကမ္ဘာ့ခေါင်းဆောင်အများစု နှင့် သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြုသူများသည် နိုင်ငံစုံပါဝင်ရေးဝါဒ နှင့် ကုလသမဂ္ဂအား ခိုင်မာစွာ ထောက်ခံကြောင်း အပြုသဘောဆောင်သည့် မှတ်ချက်တစ်ခုနှင့်အတူ စက်တင်ဘာ ၂၉ ရက်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

“ သူတို့ဟာ ဗီဒီယိုရုပ်သံကတဆင့် တက်ရောက်ဆွေးနွေးခဲ့ရာမှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ နိုင်ငံစုံပါဝင်ရေးဝါဒ နဲ့ ကုလသမဂ္ဂကိုထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ် ၊ အဓိကနိုင်ငံကြီးအများစုဟာ သူတို့ရဲ့ မိန့်ခွန်းတွေထဲမှာ အဲဒီအရာကို အခိုင်အမာကတိကဝတ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်” ဟု ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ( UNGA 75) ဥက္ကဌ Volkan Bozkir က ဗီဒီယိုထိပ်သီးအစည်းအဝေး၏ ပိတ်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ နိုင်ငံစုံပါဝင်ရေးဝါဒဟာ   COVID-19 ကပ်ရောဂါ နဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို အထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စနစ်ဖြစ်မယ်လို့ အများစုက အသိအမှတ်ပြုခဲ့ကြပါတယ်”

ယခု အစည်းအဝေးသည် ကုလသမဂ္ဂသမိုင်းတစ်လျှောက် ကမ္ဘာ့ခေါင်းဆောင်များ ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခြင်းမပြုနိုင်သော ပထမဆုံးအစည်းအဝေးတစ်ခုဖြစ်ပြီး “ အလွန်အရေးကြီးသော ၊ အလွန်ထူးခြားသော ” အစည်းအဝေးဖြစ်ကြောင်း ဥက္ကဋ္ဌ Volkan Bozkir က ဆိုသည်။ ထို့ပြင် “ ဒီလို ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်ပေမယ့် အဆင့်မြင့်ကိုယ်စားလှယ်အဆင့်မှာ နိုင်ငံစုံပါဝင်ရေးဝါဒကို ဟန့်တားနိုင်ခဲ့ခြင်းမရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“  နိုင်ငံ့အကြီးအကဲတွေ ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေဟာ ပြီးပြည့်စုံတဲ့ လုပ်ငန်းစဉ်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှာနိုင်ဖို့ လိုအပ်တဲ့ခြေလှမ်းတွေအတွက် လုပ်ငန်းစဉ်တစ်ခုကို ချမှတ်ဖို့ ထောက်ခံခဲ့ရုံမျှသာမက ထိရောက်တဲ့ လမ်းညွှန်ချက်တွေကိုလည်း စီမံနိုင်ခဲ့ပါတယ် ” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၏ မှတ်ချက်စကားများသည် ညီလာခံ၏ စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းရန် အယူအဆကိုထင်ဟတ်စေခဲ့ကြောင်း ၎င်းက ဆိုသည်။ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဌက ၎င်းအနေဖြင့် ရှေ့လာမည့် နှစ်ကာလ နှင့် လများတွင် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ နှင့် ခေါင်းဆောင်များအား ၎င်းအပေါ် ထောက်ခံမှုပေးရန် “ ခိုင်မာစွာယုံကြည်အားကိုးပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

“ အပြုသဘောနေထိုင်ဖို့နဲ့ ကြီးမားတဲ့ပုံရိပ်ကို ကြည့်ကြဖို့ ကျွန်တော့်အနေနဲ့တိုက်တွန်းပါတယ် ၊ သေချာတာတစ်ခုက ကျွန်တော်တို့ဟာ ခိုင်မာစွာအတူတကွ လက်တွဲသွားကြမှာပါ” ဟု ဆိုသည်။“ ကုလသမဂ္ဂတည်ထောင်ခြင်း ၇၅ နှစ်မြောက်အခါသမယ ကျွန်တော်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲကြီးဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေ ဘာကိုလိုအပ်နေလဲဆိုတာကို ဒါဟာ တိတိကျကျ ဆွေးနွေးခြင်းပါပဲ” ဟု ၎င်းကဆိုသည်။

UNGA ဉက္ကဌက “ ကြီးမားသော စည်းလုံးညီညွတ်မှု” ၊ “ကုလသမဂ္ဂတွင် မကြုံစဖူး ပို၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နှင့် ညှိနှိုင်းဆွေးနွေးမှုပိုမိုခိုင်မာစေခြင်း ”အကြောင်းကို ဆွေးနွေးခဲ့သည်။COVID-19 ရောဂါနှင့်ပတ်သက်၍ Bozkir က ပြောကြားရာတွင် “ လက်တလောကြုံတွေ့နေရသည့် ကပ်ရောဂါအား ဖြေရှင်းရာတွင် လျှစ်လျူရှုထား၍ မဖြစ်နိုင်ဘဲ စည်းလုံးညီညွတ်ရမည်ဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံတိုင်းသည် ၎င်းတို့၏ မိန့်ခွန်း၌ အဆိုပါကပ်ရောဂါနှင့်ပတ်သက်၍ အလွန် ကြီးမားသော နောက်ဆက်တွဲသက်ရောက်မှုများကြုံတွေ့ခဲ့ရကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။ယင်းမှာ ရောဂါနှင့်ပတ်သက်ပြီး အားလုံးအတွက် အဖြေတစ်ခုရှာရန် တစ်ကမ္ဘာလုံးအနေဖြင့် မျက်ကွယ်ပြု၍ မရနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်းအသိအမှတ်ပြုခြင်းပင်ဖြစ်သည်။

ထို့ပြင် ကျွန်တော်တို့အားလုံးသည် ကပ်ရောဂါမှ စိန်ခေါ်မှုအတွေ့အကြုံများကို သတိပြုရမည်ဖြစ်ကြောင်းလည်း ၎င်း က ဆက်လက်ပြောကြားခဲ့သည်။“ တစ်ကိုယ်တော်ဝါဒပြုကျင့်မှုတွေဟာ သူ့ရဲ့ ကပ်ရောဂါပြန့်နှံ့မှုကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ရပြီးဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ အနာဂတ်ကျန်းမာရေးဆိုင်ရာ ရုတ်တရက်ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ဖို့နဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကပ်ရောဂါကို နှိမ်နင်းဖို့အတွက် လေးနက်ထိရောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မဖြစ်မနေလိုအပ်ပါတယ်”  ဟု Bozkir က ဆိုသည်။

Bozkir က ၎င်း၏ ဉက္ကဌရာထူးသက်တမ်းအတွင်း ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်မည့် “ကိစ္စရပ်သုံးခု” ကို ပြောကြားရာတွင် “ ပထမအနေနဲ့ ရောဂါဆိုင်ရာကြိုတင်သတိပေးချက်ထုတ်ပြန်ပြီး အခြားသော ရောဂါတွေ ထပ်မံပေါ်ပေါက်လာခြင်းမရှိအောင် ကြိုတင်ကာကွယ်ဖို့ အခြေအနေတွေကို ဖန်တီးမယ် ၊ ဒုတိယအနေနဲ့ အကျပ်အတည်းနဲ့အတူ အဖြေရှာဖို့ ချဉ်းကပ်ရာမှာ အားလုံးပါဝင်မယ် ၊ တတိယအနေနဲ့ အနာဂတ်ကာကွယ်ဆေးတွေအတွက် အားလုံးညီတူညီမျှရရှိစေရမယ်” ဟု ၎င်းက ဆိုသည်။

“ အခုနှစ်နှောင်းပိုင်းမှာ ကပ်ရောဂါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အထူးအစည်းအဝေးတစ်ခုလုပ်မယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ နဲ့ ကမ္ဘာကြီးကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(SDGs) ဆီကို အောင်မြင်စွာရွေ့လျားနိုင်ဖို့ အဲဒီအစည်းအဝေးမှာ ဒီကိစ္စရပ်သုံးခုကို မူဝါဒအဖြစ်ထည့်သွင်းဖို့ ခင်ဗျားတို့ကို အားပေးခြင်ပါတယ်” ဟု UNGA ဥက္ကဌက ဆိုသည်။

“ ကာကွယ်ဆေးကို အညီအမျှဖြန့်ဝေပေးဖို့ ကျွန်တော့်အနေနဲ့ ရင်ထဲက လေးလေးနက်နက် တိုက်တွန်းပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့အမြင်တစ်ခုအတွက် သာမက ၊ ကိုယ့်ကျင့်သိက္ခာပိုင်းဆိုင်ရာ ရပ်တည်ချက်တစ်ခုအတွက်လည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။(Xinhua)