Connect with us

International Organizations

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်အဖြစ် တရုတ်နိုင်ငံ ပြန်လည်ရွေးချယ်ခံရ

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၁ ရက်က တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်မည့် သုံးနှစ်တာ သက်တမ်း အတွက် တရုတ်နိုင်ငံနှင့် အခြား ၁၃ နိုင်ငံအား အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်တွင် သက်တမ်း ကုန်ဆုံးမည့် လက်ရှိ ကောင်စီ၏ အဖွဲ့ဝင် ဖြစ်သည့် တရုတ်နိုင်ငံသည် နောက်ထပ် သုံးနှစ် သက်တမ်းအတွက် ထောက်ခံမဲ ၁၈၀ ဖြင့် ပြန်လည် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။အခြား ရွေးချယ်ခြင်းခံရသည့် နိုင်ငံများမှာ တူနီးရှား၊ တောင်အာဖရိက၊ ရဝမ်ဒါ၊ ဂျပန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ဟန်ဂေရီ၊ ခရိုအေးရှား၊ ကျူးဘား၊ ဘရာဇီး၊ အီဂျစ်၊ အမေရိကန်နှင့် ဗြိတိန်တို့ ဖြစ်သည်။လူ့အခွင့်အရေး ကောင်စီသည် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ အားလုံးအတွက် ကာကွယ်ရေးနှင့် မြှင့်တင်ရေး လုပ်ဆောင်ရန် အဓိက တာဝန်အရှိဆုံး အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့အား နှစ် ၆၀ သက်တမ်းရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင် နေရာ၌ အစားထိုးကာ ၂၀၀၆ ခုနှစ်တွင် အထွေထွေ ညီလာခံက တည်ထောင်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ကိုင်တွယ်ရခြင်းနှင့် အကြံပြုချက်များအား လုပ်ဆောင်ရခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အရေးပေါ် အခြေအနေများ တုန့်ပြန် ဆောင်ရွက်ခြင်းနှင့် အကြမ်းဖက်မှုများအား ကာကွယ်ခြင်း စသည်တို့အား တုန့်ပြန်လုပ်ဆောင်ကြောင်း သိရသည်။ယင်းကောင်စီတွင် အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင်များအား အဓိက အထွေထွေညီလာခံ အဖွဲ့ဝင် ၁၉၃ နိုင်ငံက တိုက်ရိုက် ရွေးချယ်ခြင်းနှင့် တစ်ဦးချင်းအလိုက် ရွေးချယ်ခြင်းတို့ဖြင့် ရွေးချယ်လေ့ရှိသည်။ အဖွဲ့ဝင် နိုင်ငံများ၏ သက်တမ်းသည် သုံးနှစ်ဖြစ်ပြီး သက်တမ်း နှစ်နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးပါက နောက်သက်တမ်းအတွက် ချက်ချင်း ပြန်လည် ရွေးချယ်ခံခွင့် မရှိပေ။တရုတ်နိုင်ငံသည် ကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိ သက်တမ်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွက်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.