Connect with us

International Organizations

၂၀၁၆ ခုနှစ်က အပူဆုံးနှစ် ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောကြား

၂၀၁၆ ခုနှစ်က အပူဆုံးနှစ် ဖြစ်ကြောင်း စာလုံး သရုပ်ဖော်ထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ မိုးလေဝသဆိုင်ရာ အဖွဲ့အစည်း (WMO) က ၂၀၁၆ ခုနှစ်သည် အပူဆုံးနှစ်အဖြစ် မှတ်တမ်းတင်လိုက်ကြောင်း ကုလသမဂ္ဂ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန် ဟတ်က နိုဝင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။

ကနဦး အချက်အလက်များအရ ကမ္ဘာ့ အပူချိန်သည် ၁၇၅၀ ခုနှစ် စက်မှုတော်လှန်ရေးမတိုင်မီ ကာလ (Pre-industrial level) ထက် ခန့်မှန်းခြေအားဖြင့် ၁.၂ ဒီဂရီ ဆယ်လ်စီးယက်စ် ပိုလာကြောင်း WMO ၏ တိုင်းတာချက်သစ်အရ သိရသည်။

“လေထုထဲမှာ အဓိက ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်း မှတ်တမ်းသစ် တင်ခဲ့မှုကြောင့် ရာသီဥတု ပြောင်းလဲမှု ကာလရှည် ညွှန်းကိန်းကို ချိုးဖျက်လိုက်ပါတယ်” ဟု နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ဟတ်က ပြောကြားခဲ့သည်။

အာတိတ် သမုဒ္ဒရာမှ ရေခဲပြင် အဆင့်နိမ့်ကျလာခဲ့ပြီး Greenland ရေခဲလွှာ အရည်ပျော်မှုများ ဆောလျင်စွာ ဖြစ်စေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုလို ရာသီဥတုပြောင်းလဲခြင်းကြောင့် အပူလှိုင်းများနှင့် ရေလွှမ်းမိုးခြင်းများလည်း ပုံမှန်ထက် ပိုပြီး ဖြစ်ပွားနိုင်ကြောင်း WMO ၏ အထွေထွေအတွင်းရေးမှူး ပတ်ထရီ တားလက်စ်က ပြောသည်။

ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ဆောင်မည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အစီအစဉ် ပဲရစ် သဘောတူညီချက်သည် ယခုလ အစောပိုင်း၌ အသက်ဝင်ခဲ့သည်။ ကမ္ဘာကြီး ပူနွေးမှုအား ထိန်းချုပ်ရန် အပူချိန်တိုးလာမှုအား ၂ ဒီဂရီ စင်တီဂရိတ် အောက်တွင်သာ ထားရှိရန် အကောင်းဆုံး ဖြစ်ကြောင်းနှင့် အပူချိန် မြင့်တက်ခဲ့မည်ဆိုပါကလည်း ၁.၅ ဒီဂရီ စင်တီဂရိတ်အထိ ထိန်းချုပ်ထားရန် ကြိုးစား လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါ သဘောတူညီချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.