Connect with us

International Organizations

ကျူးဘားအပေါ် လက်နက်ရောင်းချခွင့် ပိတ်ပင်ထားမှုအား အဆုံးသတ်ရန် ကုလ အတည်ပြု၊ ပထမဆုံး အကြိမ် အမေရိကန်က ကြားနေမဲပေးခဲ့

ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရော့ဒရီဂူ့ဇ် ပါရီလာက အောက်တိုဘာလ ၂၆ ရက်တွင် ကုလသမဂ္ဂ ရုံးချုပ်၌ စကားပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာလ ၂၇ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံအပေါ် အမေရိကန်၏ လက်နက်ရောင်းချခွင့် ပိတ်ပင်ထားခြင်းအား အဆုံးသတ်ရေးအတွက် မဲခွဲဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ ညီလာခံ၌ အတည်ပြုခဲ့သလို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန်က ကြားနေမဲ ပေးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၁ နိုင်ငံက အဆိုပါ ဆုံးဖြတ်ချက်အား မဲပေးခဲ့ကြပြီး အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က ကြားနေမဲ ပေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် အမေရိကန်နှင့် ကျူးဘား နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သော်လည်း လက်နက်တင်ပို့ ရောင်းချခြင်းကိုမူ အမေရိကန်က ပြန်လည် မရုပ်သိမ်းသေးပေ။

ကျူးဘားအပေါ် လက်နက်ရောင်းချခွင့် ရုပ်သိမ်းခြင်းအား ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်မှု ရလဒ်အား တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် အစိုးရအနေဖြင့် လက်နက် ရောင်းချခွင့် ရုပ်သိမ်းမည့် အစီအစဉ်အား အကောင်အထည်ဖော်ရန် အတွက် အချို့အချက်များအား ပြန်လည် မွမ်းမံသွားမည် ဖြစ်သော်လည်း ကန့်သတ်ချက်အချို့ ထားရှိသေးကြောင်း၊ ထို့ကြောင့် ယင်း ကန့်သတ်ချက်များအား ဖြစ်နိုင်သမျှ မြန်မြန် ရုပ်သိမ်းပေးရန် ကုလသမဂ္ဂက ထပ်မံ တိုက်တွန်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်က ဖော်ပြထားသည်။

“အမေရိကန်က ကျူးဘားအပေါ် စီးပွားရေး၊ စီးပွားရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ပိတ်ပင် တားမြစ်မှုတွေက ကျူးဘား ပြည်သူတွေနဲ့ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးမားစွာ ထိခိုက်စေတယ်၊ ပုံမှန် ဆက်ဆံရေးကို ရည်မှန်းပြီး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးလိုက်တာဟာ အဓိပ္ပါယ်ရှိပြီး လေးနက် ခိုင်မာမှုတွေ ပေးစွမ်းလိုက်ခြင်း ဖြစ်တယ်” ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရော့ဒရီဂူ့ဇ် ပါရီလာက ပြောသည်။

အမေရိကန်၏ မဲမပေးဘဲ ကြားနေလိုက်ခြင်းသည် ကျူးဘားအပေါ် အိုဘားမား အစိုးရ၏ ကိုင်တွယ်နည်းသစ် ကြောင့် ဖြစ်ပြီး ယင်းသည် ကျူးဘား အစိုးရ၏ မူဝါဒများနှင့် လုပ်နည်းလုပ်ဟန်များအား သဘောတူလိုက်ခြင်းဟု မဆိုလိုကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဆာမန်သာ ပါဝါက ပြောသည်။

အမေရိကန်နှင့် ဖီဒယ် ကက်စထရို ဦးဆောင်သည့် ကျူးဘား အစိုးရတို့အကြား နိုင်ငံရေး သဘောထား ကွဲလွဲမှုများ ဖြစ်လာခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၌ ကျူးဘားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့လိုက်ကြောင်း တရားဝင် ကြေညာထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.