Connect with us

International Organizations

ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ဗြိတိန်မှ တရုတ်နိုင်ငံသို့ အကြီးစား ခရီးသွား မစ်ရှင်အဖွဲ့ စေလွှတ်မည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ညမြင်ကွင်းအားတွေ့မြင်ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာလ ၂၁ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံမှ ခရီးသွား နှင့် ကုန်သွယ်ရေးလုပ်ငန်း ထောက်ပံ့သူ အယောက် ၇၀ကျော်ပါဝင်သည့် အဖွဲ့အား တရုတ်နိုင်ငံသို့ လာမည့် အပတ်တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း ဗြိတိန် ခရီးသွား အာဏာပိုင် အဖွဲ့ VisitBritian မှ နိုဝင်ဘာလ ၁၉ရက်နေ့ တွင်ပြောကြားခဲ့သည်။

ယင်းအဖွဲ့သည် တရုတ်နိုင်ငံသို့ စေလွှတ်သည့်အထဲတွင် အကြီးဆုံး မစ်ရှင်အဖွဲ့ဖြစ်ပြီး ဟိုတယ် လုပ်ငန်းရှင်များ၊ လက်လီရောင်းဝယ်သူများ နှင့် ခရီးသွားလုပ်ငန်းပြုလုပ်သူများ ပါဝင်ကြောင်း ဗြိတိန် ခရီးသွားလုပ်ငန်း အဖွဲ့ VistiBritain ၏ပြောကြားချက်အရသိရသည်။

၎င်းတို့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော နိုဝင်ဘာလ၂၃ရက်မှ ၂၅ရက်အထိ ပေကျင်းတွင်ပြုလုပ်မည့် ဗြိတိန်-တရုတ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

သုံးရက်ကြာပြုလုပ်မည့် ကုန်သွယ်ရေး ပွဲတွင် စီးပွားရေး ချိန်းဆိုမှု ၇,၀၀၀ ကျော်ပြုလုပ်သွားရန် စီစဉ်ထားပြီး တရုတ် နိုင်ငံတစ်လျှောက်ရှိ မြို့ပေါင်း ၁၄မြို့မှ ဝယ်ယူသူ ပေါင်း ၁၀၀ ကျော် တက်ရောက်မည်ဖြစ်ကာ ဗြိတိန် မှ နောက်ဆုံးပေါ် ခရီးသွားလုပ်ငန်း ကမ်းလှမ်းမှု အခွင့်အလမ်း နေရာတစ်ခု ဖြစ်လာသည့် ဟောင်ကောင်မှလည်း တက်ရောက်ကြမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ခရီးသွားဈေးကွက်တစ်ခုဖြစ်ပြီး ဗြိတိန်နိုင်ငံအတွက် ကြီးမားသည့် ခရီးသွားလုပ်ငန်း အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ် ပထမ ၆လအတွင်း တရုတ်နိုင်ငံမှ ခရီးသည် အရေအတွက်သည် ၂၈ ရာခိုင်နှုန်း တိုးတက်လာကြောင်းနှင့် ၂၀၂၀ခုနှစ် တွင် တရုတ်ခရီးသည်များ ၏ ခရီးအသုံးစရိတ်သည် ပေါင်စတာလင်ငွေ ၁ဘီလီယံ အထိ နှစ်ဆ တိုးတက်လာစေရန် ရည်မှန်းချက်ထားကြောင်း မစ်ရှင် အဖွဲ့ခေါင်းဆောင် VisitBritain မှ ဒါရိုက်တာ ပက်ထရစ်ရှာ ဗေ့စ် ကပြောကြားခဲ့သည်။

ဗေစ့်၏ ပြောကြားချက်အရ တရုတ်ခရီးသည်များသည် ဗြိတိန်၏ ငွေကြေးအများဆုံးသုံးစွဲနိုင်သည့် ခရီးသည် အချို့ အဖြစ် ပါဝင်ပြီး ပျမ်းမျှအနေဖြင့် ခရီးစဉ်တစ်ခုအတွက် စတာလင်ပေါင် ၂၆၈၈ သုံးစွဲကြောင်းသိရသည်။

ပေကျင်းတွင်ပြုလုပ်မည့် ဗြိတိန်-တရုတ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ပွဲ အား ၂၀၀၉ခုနှစ် တွင် စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.