Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အနေဖြင့် ရုရှား တိုက်လေယာဉ် ပျက်ကျစေမှု နှင့် ပတ်သက်၍ အေးချမ်းစွာ ဖြေရှင်းသွားရန် ပြောကြား

ရုရှား နိုင်ငံ မှ တိုက်လေယဉ် တိုက်ခိုက်ခံရသဖြင့် ပျက်ကျသွားသည်ကိုမြင်တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း ၏ ပြောရေး ဆိုခွင့်ရှိသူ မှ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဘန်ကီမွန်း အား ကိုယ်စားပြု၍ ရုရှား နိုင်ငံ ၏ တိုက်လေယဉ်အား ပျက်ကျစေခဲ့သည့် ဆောင်ရွက်မှု များနှင့် ပတ်သက်၍ အသေးစိတ် လေ့လာ ဆောင်ရွက်မှု များပြုလုပ်သွားရန် လိုအပ်ပြီး သက်ဆိုင်ရာ နိုင်ငံ များအနေဖြင့် အေးချမ်းစွာ ဖြေရှင်းသွားရန် တိုက်တွန်း လိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် မှ ရုရှား နိုင်ငံ ၏ Su-24 တိုက်လေယာဉ်သည် ဆီရီးယား နယ်နမိတ် အတွင်း တူရကီ နိုင်ငံ မှ F-16 တိုက်လေယာဉ် ၏ တိုက်ခိုက်မှု ခံခဲ့ရသဖြင့် ပျက်ကျ သွားခဲ့ခြင်း ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ ၏ တိုက်လေယာဉ် သည် အကြမ်းဖက် အဖွဲ့အစည်း များအား တိုက်ခိုက် ရန်အတွက် တာဝန် ထမ်းဆောင် နေစဉ် တွင် တည်နေရာအားဖြင့် တူရကီ နိုင်ငံ ပိုင်နယ်မြေ နှင့် တစ် ကီလိုမီတာ ခန့်အကွာအဝေး ရှိချိန် တွင် တူရကီ နိုင်ငံ တိုက်လေယာဉ် ၏ ပစ်ခတ်မှု ကိုခံခဲ့ရသဖြင့် ရုရှား နိုင်ငံ ၏ တိုက်လေယာဉ် ပျက်ကျ သွားခဲ့ရကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ယခု ကဲ့သို့သော ပြစ်မှု ဆောင်ရွက်ချက်အား လုံးဝ လက်ခံ နိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan မှ ကျွန်တော်တို့ အနေဖြင့် ပြဿနာ မဖြစ်ပွားရန် အတတ် နိုင်ဆုံး ဆောင်ရွက် ခဲ့ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ အချုပ်အခြာအာဏာပိုင် နယ်မြေ ကို ကာကွယ် ရမည် တာဝန် ရှိကြောင်း ၊ တူရကီ နိုင်ငံ မှ F-16 တိုက်လေယာဉ် သည် Su-24 လေယာဉ်အား ၁၀ ကြိမ်ခန့် အကြောင်းကြား မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသဖြင့် တာဝန် အရ ဆောင်ရွက်မှု များပြုလုပ်ခဲ့ရကြောင်း ပြောကြား ခဲ့သည်။ (Xinhua)