International Organizations
တရုတ်က ကုလ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် ကန်ဒေါ်လာ သန်း၁၀၀လှူဒါန်းသွားမည်

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သည် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် နှစ်စဉ်စုစုပေါင်းလှူဒါန်းမှုသည် ၂၀၂၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း၁၀၀ ရှိလာမည်ဖြစ်ပြီး ၂၀၁၅ခုနှစ် တွင် လှူဒါန်းခဲ့သည့် ပမာဏ နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားကြောင်း တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
လီက အဆိုပါမိန့်ခွန်းအား ကုလသမဂ္ဂ ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ ဆိုင်ရာ ဆွေးနွေးပွဲ စကားဝိုင်း ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက AIDSရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး တစ်ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေ အတွက် တရုတ်နိုင်ငံ၏ လှူဒါန်းမှုသည် လာမည့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈သန်းအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)