Connect with us

International Organizations

၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ စတင် ကျင်းပ

၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ ပီတာ သောမ်ဆင် (လယ်)၊ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တို့အား စက်တင်ဘာလ ၁၃ ရက်က ညီလာခံ ဖွင့်ပွဲ အခမ်းအနား၌ တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးခြင်း၊ တန်းတူညီမျှ မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဟူသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ (SDGs) ၂၀၃၀ အစီအစဉ် အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးတွဲ အားထုတ်မှုနှင့်အတူ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအား စက်တင်ဘာလ ၁၃ ရက်၌ စတင်လိုက်သည်။

အဆိုပါ နှစ်စဉ် အစည်းအဝေး ဖွင့်လှစ်ကြောင်း ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ ဖြစ်သူ ပီတာ သောမ်ဆင်က ကြေညာခဲ့သည်။ ဖီဂျီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ဖြစ်သူ သောမ်ဆင်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ အဖြစ် ဇွန်လက ခန့်အပ်ခြင်း ခံခဲ့ရသည်။
“ညီလာခံရဲ့ ဥက္ကဋ္ဌ တစ်ဦး အဖြစ် ဒီလို ကူးပြောင်းမှုမှာ ကျွန်တော်ကိုယ် ကျွန်တော် နှစ်မြုပ်ထားပါတယ်” ဟု သောမ်ဆင်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ ၇၁ နှစ်မြောက် အစည်းအဝေး တလျှောက်လုံး ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးများ ခိုင်မာစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အထွေထွေ အတွင်းရေးမှူး၊ လုံခြုံရေး ကောင်စီ၊ ECOSOC (စီးပွားရေးနှင့် လူမှုရေး ကောင်စီ) ဥက္ကဋ္ဌ တို့နှင့် ပုံမှန် အစည်းအဝေးများပြုလုပ်ခြင်း၊ ယင်း အစည်းအဝေးများ၏ အခွင့်အလမ်းများအားဖြင့် အဖွဲ့ဝင်များအား သတင်းအချက်အလက် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သမိုင်းဝင် ပဲရစ် သဘောတူညီမှုမှ ၂၀၃၀ အစီအစဉ်အား စတင် ထူထောင်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်သည် အဆိုပါ ၂၀၃၀ ဖွံ့ဖြိုးမှု အစီအစဉ်အား အကောင်အထည်ဖော်ရန် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှု စတင်သည့်နှစ်လည်း ဖြစ်သည်။
ယင်း ၂၀၃၀ အစီအစဉ်၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက်များ ပါဝင်ပြီး ဤ ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်များ စဉ်ဆက်မပြတ် နေရာတစ်ခု လုံခြုံစွာ တည်ရှိနိုင်ရေးနှင့် ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး စသည်တို့အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးဟူသော အချက် ၁၇ ချက်ပါဝင်ကြောင်း သိရသည်။
၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ရည်ရွယ်ချက်သည် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက် ပန်းတိုင်များ၊ ကျွနု်ပ်တို့ ကမ္ဘာကြီး ပြောင်းလဲရန်အတွက် တွန်းအား” (The Sustainable Development Goals: A University Push to Transform ou World) ဖြစ်ကြောင်း သောမ်ဆင်က ပြောသည်။
ထို့ပြင် ရက်သတ္တပတ်ကြာ ကျင်းပမည့် အထွေထွေ ညီလာခံ အဆင့်မြင့် ဝေဖန် ဆွေးနွေးပွဲအား စက်တင်ဘာလ ၂၀ ရက်တွင် ကျင်းပရန်ရှိသည်။
၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေသည့် တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သစ်အား ခန့်အပ်မည် ဖြစ်သည်။ လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် တာဝန်ပြီးဆုံးမည် ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးချုပ်အသစ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်၌ စတင် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.