Connect with us

International Organizations

ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံ အား တင်းမာမှု အခြေအနေ မမြင့်တက်လာရန် ရှောင်ရှားရမည် ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း သည် တနင်္ဂနွေ နေ့တွင် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ မှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၃ ရက်နေ့က ဂျေရုစလင် မြို့ဟောင်း တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များနှင့် ပတ်သက်၍ ဝေဖန်မှု များပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံ ခေါင်းဆောင်များသည် အေးချမ်းစွာ ဖြင့် တင်းမာမှု အခြေအနေ မမြင့်တက်လာရန် အစွမ်းကုန် ဆောင်ရွက် သွားကြရန် ပြောကြား ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဘန်ကီမွန်းမှ ယခု တိုက်ပွဲ ဖြစ်ပွား ခဲ့သည့် ဂျေရုစလင် မြို့ဟောင်း ဒေသ များတွင် အစွန်းရောက် ဝါဒ များနှင့် အကြမ်းဖက်မှုများ မြင့်တက်လာပြီး အခြေအနေများ ပိုမို ဆိုးရွား လာမည်ကို စိုးရိမ် မိကြောင်း ၊ မိမိ အနေဖြင့် နှစ်နိုင်ငံ၏ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှု များမှ တစ်ဆင့် ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံ တိုက်ခိုက်မှု များအား ရေရှည်ဖြေရှင်း သွားနိုင်မည်ကို ယုံကြည်ကြောင်း ၊ မိမိ အနေဖြင့် ကုလသမဂ္ဂ အား ကိုယ်စားပြု၍ နှစ်နိုင်ငံ နှင့် အတူတကွ ဆွေးနွေးမှု အတွက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး နှစ်နိုင်ငံ ဒေသတွင်း လုံခြုံရေး အခြေအနေသည် လက်တလော ရက်ပိုင်းတွင် ဆိုးရွား လာခဲ့ပြီး နှစ်နိုင်ငံ သည် ဂျေရုစလင် မြို့ဟောင်း တွင် တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး ဂျေရုစလင် မြို့အရှေ့ပိုင်း နှင့် ဂျော်ဒန် မြစ် အနောက်ဘက် ကမ်းတွင် လည်း တိုက်ပွဲ များ ဖြစ်ပွား ခဲ့သည်။ အောက်တိုဘာ ၃ ရက်နေ့ညပိုင်းတွင် ပါလက်စတိုင်း နိုင်ငံသားများ မှ အစ္စရေး နိုင်ငံသား များအား တိုက်ခိုက်ခဲ့သည့် အမှု ဖြစ်ပွား ခဲ့ပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ၄ ရက်နေ့ မနက်ပိုင်းတွင်လည်း ပါလက်စတိုင်း နိုင်ငံသား မှ ဓားဖြင့် တိုက်ခိုက်မှု ထပ်မံဖြစ်ပွား ခဲ့သည်။ ပါလက်စတိုင်း နိုင်ငံ ရဲတပ်ဖွဲ့ မှ အောက်တိုဘာ ၄ ရက်နေ့တွင် ပါလက်စတိုင်း နိုင်ငံသား များ ဂျေရုစလင် မြို့ဟောင်း သို့သွားရောက်ခွင့် အား ပိတ်ပင် လိုက်ကြောင်း ကြေညာ လိုက်ပြီး ပါလက်စတိုင်း အစိုးရ မှ အပြည်ပြည်ဆိုင်ရာ အသိုင်အဝန်း အပေါ် အစ္စရေး နိုင်ငံ အပေါ်ဂျေရုစလင် မြို့အရှေ့ပိုင်း နှင့် ဂျော်ဒန် မြစ် အနောက်ဘက် ကမ်းတွင် တိုက်ပွဲ အရှိန်များ ပိုမို မမြင့်တက်လာစေရန် ဖိအားပေးမှု များ လုပ်ဆောင်ရန် တောင်းဆို ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.