Connect with us

International Organizations

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အမေရိကန် နိုင်ငံမှ အာဖဂန် နိုင်ငံ အား ဗုံးကျဲ ခဲ့သည့် အပေါ် အပြင်းအထန် ဝေဖန်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အား ကုလသမဂ္ဂရုံးချုပ်တွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မှ အောက်တိုဘာ ၃ ရက်နေ့တွင် ပြောရေးဆိုခွင့် ရှိသူ မှ တစ်ဆင့် ထုတ်ပြန် ခဲ့သည့် ကြေညာ ချက်တွင် အမေရိကန် နိုင်ငံ မှ အာဖဂန် နိုင်ငံ မြောက်ပိုင်း ကွန်းဒက်ဇ် မြို့ ရှိ “နယ်စီးမထား ဆရာဝန် များအဖွဲ့” ဆေးရုံ ကို ဗုံးကျဲ ခဲ့သောကြောင့် ဆေးရုံ အတွင်းရှိ ကျန်းမာရေး ဝန်ထမ်း များ သေဆုံး ဒဏ်ရာရရှိမှု များ ဖြစ်ပွား ခဲ့သည့် အပေါ် အလုံးစုံ စုံစမ်း စစ်ဆေးမှု များ ပြုလုပ်ရန် လိုအပ် ကြောင်း ပြောကြား ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဘန်ကီမွန်း မှ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ကြေညာစာတမ်း တွင် ဆေးရုံ နှင့် ကျန်းမာရေး ဝန်ထမ်းများ အား ကာကွယ်စောင့်ရှောက်ရမည် ဆိုသည့် အချက် ပါဝင်ကြောင်း ၊ ယခု ဖြစ်ပွား ခဲ့သည့် ကိစ္စရပ် တွင် တာဝန်ရှိသူ ကို စုံစမ်း စစ်ဆေး ပြီး တာဝန် ယူ ရမည် ဖြစ်ကြောင်း လည်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် “နယ်စီးမထား ဆရာဝန် များအဖွဲ့” ဆေးရုံ သည် ဆိုးရွားသော အခြေအနေများ အောက်တွင် ကွန်းဒက်ဇ် မြို့၌ ကျန်းမာရေး ဝန်ဆောင်မှု ပြုလုပ်နေသည့် တစ်ခု တည်းသော ဆေးရုံ ဖြစ်ကြောင်း ၊ ဘန်ကီမွန်း မှ ထိုဆေးရုံ တွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်း များ၏ စိတ်ဓာတ် နှင့် စွန့်စားမှု အပေါ် ချီးကျူးကြောင်း ၊ သေဆုံးသူ များ၏ မိသားစု များအတွက် ဝမ်းနည်းမိကြောင်း စသည် တို့ ပါဝင် ခဲ့သည်။

အပြည်ပြည် ဆိုင်ရာ ကျန်းမာရေး ကယ်ဆယ်မှု အဖွဲ့မှ အောက်တိုဘာ ၃ ရက်နေ့ က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် လက်ရှိချိန်တွင် “နယ်စီးမထား ဆရာဝန် များအဖွဲ့” ဆေးရုံတွင် ၁၉ ဦးသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)