Connect with us

International Organizations

ဖွံ့ဖြိုးပြီး နိုင်ငံ များက ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အတွက် ငွေကြေး ထောက်ပံ့မှု ကတိကဝတ် ပြုခဲ့သည် ကို အကောင်အထည် ဖော်ခြင်း မရှိခဲ့

စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း Logo (ဓာတ်ပုံ-အင်တာနက်)

ပဲရစ် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

စီပွားရေး ပူးပေါင်း ဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း မှ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန် ခဲ့သည့် စာရင်းများ အရ လွန်ခဲ့သည့် ၂ နှစ်တာ ကာလ အတွင်း ဖွံ့ဖြိုး ပြီး နိုင်ငံများမှ ဖွံ့ဖြိုးဆဲ နိုင်ငံ များထံသို့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အတွက် ပေးအပ် ခဲ့သည့် ထောက်ပံ့ငွေ များမှာ တိုးမြင့် လာသော်လည်း ယခင် ကတိကဝတ် ပြုခဲ့သည့် ပမာဏ နှင့် ကြီးမား သော ကွာခြားမှု ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

၂၀၀၉ ခုနှစ် တွင် Copenhagen ၌ ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အစည်းအဝေး တွင် ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဖွံ့ဖြိုးဆဲ နိုင်ငံ များထံ သို့ ၂၀၁၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ် တို့၌ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံစီ ထောက်ပံ့မည်ဟု ကတိပြုခဲ့ကြသည်။

သို့သော် ယင်း အဖွဲ့အစည်း က ထုတ်ပြန် ခဲ့သည့် စာရင်း များအရ ၂၀၁၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ် တွင် ဖွံ့ဖြိုးပြီး နိုင်ငံ များမှ ဖွံ့ဖြိုးဆဲ နိုင်ငံ များ သို့ အမေရိကန် ဒေါ်လာ ၅၂ ဘီလီယံ နှင့် ၆၂ ဘီလီယံ အား ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထောက်ပံ့ငွေ အဖြင့် ပေးအပ် ခဲ့ကြောင်း သိရှိရပြီး ၎င်း ငွေကြေး များ၏ ၇၁ ရာခိုင်နှုန်း သည် ဘဏ္ဍာရေး ဌာန များမှ ချမှတ် ပေးခဲ့ခြင်း ဖြစ်ကာ ၂၆ ရာခိုင်နှုန်း နှင့် ၃ ရာခိုင်နှုန်းသည် ပုဂ္ဂလိက နှင့် Export Credit မှ ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)