Connect with us

International Organizations

မတ်လအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌရာထူးကို တရုတ်နိုင်ငံက တာဝန်ယူဆောင်ရွက်

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Zhang Jun (လယ်) မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၃ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် မတ်လ အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို တရုတ်နိုင်ငံက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသွားရန် သန္နိဋ္ဌာန်ချထားကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က မတ် ၂ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ဥက္ကဋ္ဌတာဝန် ယူရချိန်တွင် အလွန်အရေးကြီးသော လုပ်ငန်းတာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း နှင့် တာဝန်ခံမှု နှင့် အပြုသဘောဆောင်မှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီ၏ တာဝန်ဝတ္တရားများကို အပြည့်အဝ ဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်အတူ စည်လုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Zhang က ဆိုသည်။

လုံခြုံရေးကောင်စီကို ကုလသမဂ္ဂပဋိညာဉ်စာချုပ်အရ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်း၏ မူလတာဝန်သည် နိုင်ငံတကာငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ဖြစ်ကြောင်း သိရသည်။လုံခြုံရေးကောင်စီကို အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။ ၅ နိုင်ငံမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ကျန် ၁၀ နိုင်ငံမှာ ၂ နှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်ရသော အလှည့်ကျအဖွဲ့ဝင် နိုင်ငံများဖြစ်သည်။ ကောင်စီဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင် ၁၅ နိုင်ငံထဲမှ တစ်နိုင်ငံက လစဉ် အလှည့်ကျ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.