Connect with us

International Organizations

အီရန်နိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ လုပ်ဆောင်ချက်မှာ အလွန်စံနမူနာပြုထိုက်ကြောင်း WHO ပြော

အီရန်နိုင်ငံသို့ တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သော ဆေးဘက်ဆိုင်ရာပစ္စည်းများ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၄ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ လုပ်ဆောင်ချက်မှာ “ ခဲယဉ်းလွန်းလှသော” မျှဝေမှု အတွေ့အကြုံ၏ အလွန်စံနမူနာပြုထိုက်မှုတစ်ခုပင် ဖြစ်ကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးတန်းကျွမ်းကျင်သူတစ်ဦးက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

နေ့စဉ်ပုံမှန်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတစ်ခုတွင် WHO၏ ကျန်းမာရေးအရေးပေါ်အစီအစဉ်မှ နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့ခေါင်းဆောင် Maria van Kerkhove က တရုတ်နိုင်ငံသည် အတွေ့အကြုံများကို မျှဝေရန် ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ခုကိုစေလွှတ်၍ အီရန်နိုင်ငံနှင့်အတူ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု တည်ဆောက်ခဲ့ကြောင်း နှင့် COVID-19 တုံ့ပြန်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

 နှာခေါင်းစည်း တပ်ဆင်သွားလာနေကြသည့် အီရန်ပြည်သူများကို တီဟီရန်မြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

 နှာခေါင်းစည်း တပ်ဆင်သွားလာနေကြသည့် အီရန်ပြည်သူများကို တီဟီရန်မြို့၌ တွေ့ရစဉ်(ဆင်ဟွာ)

 နှာခေါင်းစည်း တပ်ဆင်သွားလာနေကြသည့် အီရန်ပြည်သူများကို တီဟီရန်မြို့၌ တွေ့ရစဉ်(ဆင်ဟွာ)

ရောဂါနှင့် ဆက်နွယ်မှုအချိတ်အဆက်ကိုရှာဖွေဖော်ထုတ်ခြင်း ၊ လူနာများအား ဂရုစိုက်ခြင်းနှင့် စီမံခန့်ခွဲခြင်း ၊ ဆေးရုံများနှင့် ခန္ဓာကိုယ်အကာအကွယ် ပစ္စည်းကိရိယာများ အသင့်ထားရှိခြင်း စသည်တို့ အပါအဝင် တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွေ့အကြုံကို ဝေမျှရန်လိုအပ်ကြောင်း Kerkhove က ဆိုသည်။

WHO အဖွဲ့အနေဖြင့် အတွေ့အကြုံမျှဝေမှုကို တိုး၍တိုး၍ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ရန် ရှေ့ဆက်ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း အဖွဲ့က တရားဝင်ပြောကြားခဲ့သည်။

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ကျန်းမာရေးအရေးပေါ်အစီအစဉ်မှ အမှုဆောင်ညွှန်ကြားရေးမှူး Michael Ryan က WHO ၏ ကျွမ်းကျင်အဖွဲ့သည် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့နှင့်အတူ အီရန်နိုင်ငံနှင့် အလွန်နီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နေကြောင်း ၊ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုသည် ဗိုင်းရပ်စ်သစ်ကို ထိန်းချုပ်ရန် အီရန်နိုင်ငံအား ပူးတွဲထောက်ခံအားပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ အီရန်ပြည်သူတွေကို မြေပြင်အထိသွားရောက်ပြီး ထောက်ခံအားပေးဖို့ အဖွဲ့တစ်ခုပေါ်ပေါက်လာတာဟာ သိပ်ကိုကောင်းမွန်ပါတယ် ” ဟု Ryan က ဆိုသည်။

မတ်လ ၃ ရက် အထိ အီရန်နိုင်ငံ၌ သေဆုံးသူ ၇၇ ဦးအပါအဝင် ရောဂါကူးစက်ခံရသူ ၂,၃၀၀ ကျော်ရှိကြောင်း WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)