International Organizations
ရွှေ့ပြောင်း ဒုက္ခသည် သုံးဦး ၂၀၁၆ အိုလံပစ် အတွက် အရည်အချင်း ပြည့်မီသည် ဟု ခန့်မှန်း

ရော်ဆန်နီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
နေအိမ်များကို စွန့်ခွာထွက်ပြေး ခဲ့ကြသော ရွှေ့ပြောင်းဒုက္ခသည် အားကစားသမား သုံးဦးသည် ၂၀၁၆ ခုနှစ် ရီယို အိုလံပစ် အားကစား ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်မီသည် ဟု ခန့်မှန်းကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) မှ ဒီဇင်လာလ ၉ ရက်က ကြေညာခဲ့ကြောင်း သိရသည်။
အတည်ပြု ထားသော ဒုက္ခသည် သုံးဦး အနက် ပထမတစ်ဦးသည် ဆီးရီးယား နိုင်ငံမှ ရေကူးသမားဖြစ်ပြီး ယခုအခါ ဂျာမနီ နိုင်ငံတွင် နေထိုင်ကြောင်း၊ ဒုတိယ တစ်ဦးမှာ ဘရာဇီး နိုင်ငံတွင် နေထိုင်သည့် ကွန်ဂိုနိုင်ငံမှ ဂျူဒို အားကစား သမား ဖြစ်ကြောင်း နှင့် နောက်ဆုံး တစ်ယောက်မှာ အီရန်နိုင်ငံ သား ဘယ်လ်ဂျီယံ နိုင်ငံသို့ ရောက်ရှိနေသည့် တိုက်ကွမ်ဒို အားကစား သမားဖြစ်ကြောင်း IOC ဆက်စပ် ညွှန်ကြားရေးမှူးချုပ် ပီရယ် မီရို က ပြောကြား ခဲ့သည်။
IOC သည် ကူညီ ထောက်ပံ့ရေး အေဂျင်စီများနှင့် အတူ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ နှင့် နိုင်ငံပေါင်း ၁၇ ခု မှ အိုလံပစ် ကော်မတီများနှင့် သက်ဆိုင် ပတ်သက်သော ဒုက္ခသည်များ အတွက် ကူညီ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၂ သန်းအား စက်တင်ဘာလတွင် ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပီရယ် မီရို မှ IOC သည် ဒုက္ခသည်များကို ကူညီရန် ကြိုတင် ပြင်ဆင်မှု အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)