Connect with us

International Organizations

သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက် ထိပ်သီးအစည်းအဝေးသို့ စက်တင်ဘာ ၂၄ ရက်က တက်ရောက်ခဲ့ ကြောင်း သိရသည်။ 

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်သည် ကမ္ဘာ့ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ၊ဖွံ့ဖြိုးတိုးတက်ရေးတာဝန်မှာ အားလုံး၏ပခုံးထက်က တာဝန်ဖြစ်ရာ မည်သူကမျှ ကျန်ရစ်နေ၍ မရကြောင်း ၊ ဖွံ့ဖြိုးဆဲနိုင်ငံများကို အာရုံစိုက်အလေးထားရာတွင် လူမှုစီးပွားပတ်ဝန်းကျင် အတူဖွံ့ဖြိုးစေရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာ ထောက်ခံကာ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်တွင်အားပေးထောက်ခံပါကြောင်း ၊ လက်တွေ့ကျထိရောက်သော ဆောင်ရွက်ချက်များဖြင့် ကမ္ဘာ့ဖွံ့ဖြိုးမှု မိတ်ဖက်ဆက်ဆံရေးကို နက်နဲစွာ လက်တွဲအတူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးရေး သမိုင်းခြေလှမ်းသစ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ၊ လာမည့်နှစ်တွင် အတော်အသင့်သာယာဝပြောသောလူဘောင်အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံတည်ထောင်သည့် နှစ် ၁၀၀ ပြည့်အခါသမယတွင် ချမ်းသာကြွယ်ဝအင်အားတောင့်တင်းသော ပြည်သူဗဟိုပြု သင့်မြတ် သာယာလှပသည့် ဆိုရှယ်လစ်စနစ် ခေတ်မီ အင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၊ ဆန်းသစ်တီထွင်မှု၊ သင့်မြတ်မှု၊ အစိမ်းရောင်၊ တံခါးဖွင့်၊မျှဝေခံစားမှုများဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်စုံအားသွန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရေရှည်ဖွံ့ဖြိုးမှုကို နိုင်ငံ၏အခြေခံမူဝါဒအဖြစ် ၂၀၃၀ခုနှစ် ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်ကို  ကဏ္ဍစုံ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေသေးရာ ဖွံ့ဖြိုးရေးသည်ပြည့်စုံမှုနှင့်ဟန်ချက်မညီမှုရှိနေခြင်းများရှိနေစဲဖြစ်ပြီး  ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်ကွာဟချက်ရှိကြောင်းကို မိမိတို့အနေဖြင့် ရှင်းလင်းစွာသိရှိပါကြောင်း မိမိတို့၏ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အားစိုက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် ဆောင်ရွက်မှုတစ်ခုပင်ဖြစ်ကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအတူလက်တွဲတည်ဆောက်မှုကို တွန်းအားပေးဆောင်ရွက်ခြင်းသည် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတူတိုးတက်ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်ဖြစ်ရာ လူသားမျိုးနွယ်တို့၏ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းတစ်ခုကို တည်ဆောက် ခြင်းဖြစ်ကြောင်း ဆိုသည်။ 

၂၀၃၀ ခုနှစ် ဖွံ့ဖြိုးအစီအစဉ်သည် ကမ္ဘာ့ရည်မှန်းချက်ကို ပုံဖော်ထားခြင်းဖြစ်ရာ တရုတ်နိုင်ငံ၏ ရည်မှန်းချက်(China Dream)နှင့်ဆက်နွယ်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားကာ သာယာပြည့်စုံသည့် လူသားတို့၏အနာဂတ်ကို ကြိုးပမ်းတည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.