Connect with us

International Organizations

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ တစ်ဂျာနီ မူဟာမက် ဘန်ဒီ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နယူးယောက်၌ ကျင်းပသော (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်စဉ် စက်တင်ဘာ ၂၃ ရက်တွင် ညီလာခံ ဥက္ကဋ္ဌ တစ်ဂျာနီ မူဟာမက် ဘန်ဒီ (Tijjani Muhammad Bande)နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုသည်  နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံဝါဒကို တိုးမြှင့်ဆောင်ရွက်လိုသည့် သဘောတူညီမှုများရှိကြောင်း  ပြောကြားခဲ့သည်။ လာမည့်နှစ်သည် ကုလသမဂ္ဂ တည်ထောင်သည့် ၇၅ နှစ်ပြည့်အခါသမယဖြစ် ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂအထိမ်းအမှတ်အခမ်းအနားများပြုလုပ်ရန် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ၊ ဘက်ပေါင်းစုံဝါဒကို လက်ကိုင်ထားကာ တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ကြောင်း ၊ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်း၏အကျိုးစီးပွား အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၃၀ခုနှစ် ဖွံ့ဖြို့ရေးအစီအစဉ်ကို ကုလသမဂ္ဂက  အဓိကထားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထူးသဖြင့် ဆင်းရဲမှုလျော့ချရေး၊ ပညာရေး၊ ရာသီဥတုပြောင်းလဲမှု စသည့်ကဏ္ဍများအား အလေးထားဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းဆောင်တာများကို အစွမ်းကုန် ပါဝင်ထောက်ခံသွားမည်ဖြစ်ပြီး  ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ တစ်ဂျာနီ မူဟာမက် ဘန်ဒီကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်အား ဂုဏ်ပြုဆုမွန်တောင်းပေးကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုတွင် အောင်မြင်မှုရလဒ်ကြီးများ ရရှိခဲ့သည့်အတွက် ကျေနပ်အားရမိကြောင်း ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို လက်ကိုင်ထားရန်မှာ အထူးအရေးကြီးကြောင်း ၊ မည်သည့်နိုင်ငံကမျှ  လက်ဝါးကြီးအုပ် ဆောင်ရွက်၍ မရနိုင်ကြောင်းနှင့် မည်သည့်နိုင်ငံကမျှ ကုလသမဂ္ဂအထက်တွင် နေ၍ မရကြောင်း  ပြောကြားခဲ့သည်။  ကုလသမဂ္ဂတည်ထောင်သည့် ၇၅ နှစ်ပြည့်ဖြစ်သည့် လာမည့်နှစ်အခါသမယတွင် နိုင်ငံတကာ အသိုက်အဝန်းက ဘက်ပေါင်းစုံဝါဒကို ထောက်ခံအားပေးမှုနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အရေးပါသည့်ဆောင်ရွက်ချက်များကို ကျေးဇူးတင်ရှိကြောင်း ၊ ကုလသမဂ္ဂ၏လုပ်ငန်းဆောင်တာများတွင်လည်း တရုတ်နိုင်ငံက အစွမ်းကုန်ဆက်လက်ထောက်ခံသွားရန် မျှော်လင့်ကြောင်း တစ်ဂျာနီ မူဟာမက် ဘန်ဒီက ပြောကြားခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117