Connect with us

International Organizations

ဘလတ္တာ က FIFA ဥက္ကဌ ရာထူးမှ နှုတ်ထွက်မည် ဖြစ်သည့် အတွက် အထူး ရွေးကောက်ပွဲ တစ်ရပ် ပြုလုပ်သွားမည်

FIFA ဥက္ကဌ ဘလတ္တာမှ ဇူးရစ် မြို့ရှိ FIFA ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဂျီနီဗာ ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မေလ နောက်ဆုံးပတ်က ကျင်းပခဲ့သော ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ၏ ဥက္ကဌ ရာထူး ရွေးကောက်ပွဲတွင် ရွေးချယ် ခံခဲ့ရသော ဘလတ္တာသည် ဥက္ကဌ ရာထူးမှ နှုတ်ထွက် တော့မည် ဖြစ်ကြောင်း မေလ ၂ ရက်နေ့က သတင်းထုတ်ပြန် ခဲ့သည်။ FIFA အနေဖြင့် အထူး ရွေးကောက်ပွဲ တစ်ရပ် ပြုလုပ်သွား ပြီး ဥက္ကဌ ရာထူးအား ထပ်မံ ရွေးချယ် သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘလတ္တာမှ ဇူးရစ် မြို့ရှိ FIFA ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နောက်တစ်ကြိမ် FIFA ကိုယ်စားလှယ် အစည်းအဝေးကြီးသည် ၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့ မှသာ မော်စကို မြို့တွင် ပြန်လည် ကျင်းပ မည်ဖြစ်သောကြောင့် အထူး ရွေးကောက်ပွဲ တစ်ရပ် ပြုလုပ်သွားပြီး ဥက္ကဌ ရာထူး ဆက်ခံမည့်သူကို အမြန်ဆုံး ရွေးချယ်သွားရန် လိုကြောင်း ပြောကြားခဲ့သည်။ ဘလတ္တာ အနေဖြင့် အထူးရွေးကောက်ပွဲ မတိုင်ခင်အထိ ဥက္ကဌ တာဝန် ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘလတ္တာမှ အသစ် ပြုလုပ်မည့် FIFA ဥက္ကဌ ရွေးကောက်ပွဲ သည် FIFA စည်းမျဉ်းစည်းကမ်း နှင့် ကိုက်ညီ ရမည်ဖြစ်ပြီး ရွေးချယ် ခံမည့်သူ များ အတွက် လုံလောက်သော အချိန် ပေးရမည် ဖြစ်ကြောင်း ၊ FIFA အနေဖြင့် ပြီးခဲ့သော နှစ်များမှ စတင်ပြီး အုပ်ချုပ်ရေး ပိုင်းတွင် ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်ခဲ့သော်လည်း မလုံလောက်ကြောင်း ၊ ပိုမို နက်ရှိုင်းစွာ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး များကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ မိမိ အနေဖြင့် FIFA ၏ ရေရှည် ခိုင်မာ စေရေး အတွက် အခြေခံပြုပြင် ပြောင်းလဲရေး များကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မေလ ၂၉ ရက်နေ့က ကျင်းပခဲ့သော FIFA ဥက္ကဌ ရာထူးရွေးကောက်ပွဲတွင် ဘလတ္တာ မှ FIFA ဒုတိယ ဥက္ကဌ ဖြစ်သည့် ဂျော်ဒန် မင်းသား Ali bin al-Hussein ကို အနိုင်ရခဲ့ပြီး ၅ ကြိမ်ဆက်တိုက် FIFA ဥက္ကဌ ရာထူး ရွေးချယ် ခံခဲ့ရသည်။ မေလ ၂၇ ရက်နေ့က FIFA ထိပ်သီး အဖွဲ့ဝင် များစွာ ဖမ်းဆီး ခံခဲ့ရပြီး FIFA သမိုင်းတလျှောက် အဆိုးဝါးဆုံးသော ယုံကြည်မှု ကျဆင်းသည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.