Connect with us

International Organizations

အမေရိကန်မှ ဖီဖာ အဖွဲ့ဝင်များကို စုံစမ်း စစ်ဆေးရန် ဖမ်းဆီးမှု နှင့်ပတ်သက်၍ ဖီဖာ ဥက္ကဌမှ ကြိုဆိုကြောင်း ထုတ်ပြန်

အမေရိကန် တရားစီရင်ရေး ဌာန ဌာနမှူး Loretta Lynch မှ အမေရိကန် Brooklyn တရားရုံး တွင် မေလ ၂၇ ရက်နေ့က ဖမ်းဆီး ခံရသူ ၁၄ ဦး နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နယူးယောက် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် မြို့ Baur au Lac hotel ရှိ ဖီဖာ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အားကစား ကုမ္ပဏီ ထိပ်တန်း အရာရှိ စုစုပေါင်း ၁၄ ဦးကို မေလ ၂၇ ရက်နေ့က အမေရိကန် အက်ဖ်ဘီအိုင်နှင့် ဆွစ်ဇာလန် အစိုးရ အာဏာပိုင်တို့က ဖမ်းဆီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုဖမ်းဆီးမှု အတွင်းမှ ၇ ဦးသည် အမေရိကန် သို့ လွှဲပြောင်း ၍ စစ်ဆေးမှုများ ပြုလုပ် နိုင်ဖွယ် ရှိပြီး အချို့လူများသည် ထောင်ဒဏ် အနှစ် ၂၀ ခန့် ချမှတ် ခံရဖွယ် ရှိ ကြောင်း အမေရိကန် တရားစီရင်ရေး ဌာန ဌာနမှူး Loretta Lynch မှပြောကြားသည်။

ဖီဖာ ဒုတိယ ဥက္ကဌနှင့် ကွန်ကာကပ်ဖ် ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ Jeffrey Webb ၊ ဖီဖာ ဒုတိယ ဥက္ကဌ ဟောင်း Jack Warner တို့သည် ဖမ်းဆီး ခံရသူ စာရင်းတွင် ပါဝင် ခဲ့သည်။ ထို ဖမ်းဆီးမှု တွင် ၉ ဦး သည် ဖီဖာ အဖွဲ့ဝင်များ ဖြစ်ကြပြီး ၅ ဦးမှာ ပူးပေါင်း ဆောင်ရွက်သည့် ထိပ်တန်း အရာရှိများ ဖြစ်ကြသည်။

မေလ ၂၇ ရက်နေ့တွင် ဖီဖာ ဥက္ကဌ ဘလတ္တာမှ အရေးပေါ် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဘလတ္တာ၏ ထုတ်ပြန်ကြေညာချက်တွင် ယခု အချိန်သည် ဘောလုံး ပရိသတ် ၊ ဘောလုံး လောကနှင့် ဖီဖာအတွက် ခက်ခဲတဲ့ အချိန်ဖြစ်ကြောင်း ၊ လူးအများ၏ စိတ်ပျက်မှုကိုလည်း နားလည်ပေးနိုင်ကြောင်း ၊ ယခု ဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး လူတွေက ဖီဖာ အဖွဲ့ချုပ် အပေါ် အမြင်အမျိုးမျိုး ရှိမည်ကိုလည်း သိရှိကြောင်း ၊ အမေရိကန်နှင့် ဆွစ်ဇာလန် အာဏာပိုင်တွေရဲ့ စုံစမ်း စစ်ဆေးမှု တွေကို ဖီဖာ အနေဖြင့် ကြိုဆိုကြောင်း ၊ ထို့ပြင် ဌာန အတွင်း မရိုးသားမှု များကို အပြီးပြတ် ဖြေရှင်းပြီး ဘောလုံး ပရိသတ်၏ အားပေး ထောက်ခံမှုကို ပြန်လည် ရရှိရန် ကြိုးစား သွားမည် ဖြစ်ကြောင်း ၊ ဤကဲ့သို့သော အမှားမျိုးကို ဘောလုံး လောကတွင် လက်ခံမည်မဟုတ်ဘဲ ထိုသူများကို ဘောလုံး အားကစား နယ်ပယ်မှ ထုတ်ပယ်ရန် အာမခံကြောင်း တို့ပါရှိသည်။

အမေရိကန် တရားစီရင်ရေး ဌာန ဌာနမှူး Loretta Lynch မှ အမေရိကန် Brooklyn တရားရုံးတွင် မေလ ၂၇ ရက်နေ့က ထိုဖမ်းဆီး ခံရသူ ၁၄ ဦး နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထ့ိုပြင် ဖမ်းဆီး ခံရသူ ၁၄ ဦးကို တရား စွဲဆို ထားသည့် အချက် ၄၇ ချက်ပါသည့် ထုတ်ပြန်ချက် တစ်ခုကို ကြေညာခဲ့သည်။ ထိုအချက်များတွင် လာဘ်စားမှု ၊ လိမ်လည်မှု ၊ ငွေကြေးခဝါချမှု ၊ လုပ်ပွဲ ဆောင်ရွက်မှု စသည့် ဒုစရိုက် အမှုများစွာ ပါဝင်ပြီး အမေရိကန် ကုမ္ပဏီ တစ်ခုနှင့် ပတ်သက်သည့် လာဘ်စားမှု ပမာဏ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀၅ သန်း ရှိသည်။

အမေရိကန် တရား စီရင်ရေး ဌာနမှ စုံစမ်းစစ်ဆေးမှု ပြုလုပ်ချိန် နှင့်တပြိုင်တည်း တွင် ဆွစ်ဇာလန် တရား စီရင်ရေး ဌာန ကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် ရွေးချယ်မှု နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု များပြုလုပ်ခဲ့သည်။ ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် မြို့ ဖီဖာရုံးချုပ်ရှိ စာရွက်စာတမ်းနှင့် ကွန်ပျူတာ အချို့ကိုလည်း သိမ်းဆည်း ခဲ့သည်။ ဘလတ္တာမှ အမေရိကန်နှင့် ဆွစ်ဇာလန် တို့၏ စုံစမ်း စစ်ဆေးမှု နှင့် ပတ်သက်ပြီး ကြိုဆို ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117