Connect with us

International Organizations

ISS တွင် တာဝန်ထမ်းဆောင်ခဲ့သော အာကာသ ယာဉ်မှူးများ ကမ္ဘာပေါ်သို့ အောင်မြင်စွာ ဆင်းသက်

ရုရှားအာကာသ ယာဉ်မှူး မီခေး ကော်နီအန်ကို နှင့် အမေရိကန် အာကာသ ယာဉ်မှူး စကော့ကယ်လီ တို့အား တွေ့ရစဉ် (ဓာှတ်ပုံ - NASA)

နာဆာ ၊ မတ် ၃ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အာကာသ စခန်းတွင် ရက်ပေါင်း ၃၄ဝ ခန့် နေထိုင်ပြီးနောက် အာကာသယာဉ် မှ နောက်ဆုံး ထွက်ခွာလာသူ ရုရှားအာကာသ ယာဉ်မှူး မီခေး ကော်နီအန်ကို (Mikhail Kornienko) နှင့် အာကာသယာဉ်မှ ဒုတိယမြောက် ထွက်ခွာလာသူ အမေရိကန် အာကာသ ယာဉ်မှူး စကော့ကယ်လီ (Scott Kelly) တို့သည် ကမ္ဘာမြေသို့ မတ်လ ၂ ရက်က အန္တရာယ်ကင်းစွာ ပြန်လည် ဆင်းသက် နိုင်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာ အာကာသ စခန်းတွင် ၆လခန့် နေထိုင်ခဲ့ပြီး အာကာသယာဉ်မှ ပထမဆုံး ထွက်ခွာလာသူ ရုရှားအာကာသယာဉ်မှူး ဆာဂျီ ဗော့ကော့ဗ် (Sergei Volkov) သည်လည်း ကမ္ဘာပေါ်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိလာခဲ့သည်။

ကော်နီအန်ကို နှင့် ကယ်လီ တို့သည် စမ်းသပ်မှု အမျိုးအစားပေါင်း များစွာအပြင် အာကာသတွင် လူ့ခန္ဓာကိုယ်နှင့် လိုက်လျော ညီထွေစွာ နေထိုင်နိုင်ရန် နည်းလမ်းများ၊ ကိုယ်အလေးချိန် လျော့ကျမှုများ၊ ဓါတ်ရောင်ခြည်ဆိုင်ရာများ၊ အာကာသယာဉ်ပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်မှုကြောင့် ဖြစ်ပေါ်လာမည့် ဖိအားများကိုပါ လေ့လာ ဆောင်ရွက်ခဲ့ကြသည်။

၎င်းတို့ ၏ ၁၁ လကြာ အတွေ့အကြုံ များသည် ၂ဝ၃ဝ ပြည့်လွန်နှစ်များတွင် မားစ်ဂြိုဟ်သို့ လူများအား ပို့ဆောင်နေထိုင်နိုင်ရန် ကြိုးပမ်းလျက် ရှိသော NASA ၏ အလည်အပတ် ခရီးစဉ် အတွက် များစွာ အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.