Connect with us

International Organizations

ဖီဖာ တစ်ခေတ်ပြောင်းစေရမည်ဟု ဖီဖာ ဥက္ကဋ္ဌသစ် ကတိပြု

ဖီဖာ ဥက္ကဋ္ဌသစ် ဂါနီအင်ဖန်တီနို (ဆင်ဟွာ)

ဇူးရစ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌသစ် အဖြစ် ဂါနီ အင်ဖန်တီနို (Gianni Infantino) အား ဖေဖော်ဝါရီလ ၂၆ ရက်က ဆန္ဒမဲပေး ရွေးချယ်လိုက်ပြီး ၁၉၉၈ ခုနှစ် ကတည်းက ဖီဖာ၌ ပထမဆုံးအကြိမ် ဥက္ကဋ္ဌ ပြောင်းလဲ ခြင်းလည်း ဖြစ်သည်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူထားခဲ့သူ ဆွစ်ဇာလန်- အီတာလျံ နိုင်ငံသား ဂါနီ အင်ဖန်တီနိုသည် ဒုတိယ အကျော့ ရွေးချယ်ပွဲတွင် မဲ ၂၀၇ ရှိသည့်အနက် ၁၁၅ မဲရရှိကာ ပြိုင်ဘက် ရှိတ် ဆယ်လ် မန်အား အနိုင်ရရှိခဲ့သည်။

ဖီဖာကို ပြုပြင်ပြောင်းလဲရန် မရပ်မနား ကြိုးစားသွားမည် ဖြစ်ပြီး ကမ္ဘာ့ ဂုဏ်ယူစရာ ဘောလုံး အားကစားအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်ဖန်တီနိုက ပြောသည်။လာဘ်စားမှုဖြင့် နာမည်ကြီးနေသည့် ဖီဖာကို ပြန်လည် ထိန်းသိမ်းကာ ခေတ်သစ်တစ်ခု စတင်မည် ဖြစ်ကြောင်း အင်ဖန်တီနိုက ၎င်း၏ လက်ငင်း အစီအစဉ်အား ရွေးကောက်ပွဲမှာ အနိုင်ရအပြီး အတိုချုပ် ပြောကြားခဲ့ သည်။

ဖီဖာအတွက် အထွေထွေအတွင်းရေးမှူး တစ်ဦးကို ခန့်အပ်ရန်ရှိပြီး ထိုသို့ ရွေးချယ်ရာ၌ ကမ္ဘာလုံးဆိုင်ရာ အားကစားအား စီမံခန့်ခွဲရာတွင် ဒေသတွင်း မျှတမှုရှိစေရန် ဥရောပမှ လူကို ရွေးချယ်မည် မဟုတ်ကြောင်း၊ အဓိကအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများအားအကောင်းအထည်ဖော်သွားမည် ဖြစ်ကြောင်း အင်ဖန်တီနိုက ဆို သည်။ (Xinhua)