International Organizations
မေဂျာလိဂ်ပြိုင်ပွဲတွင် အင်တာမိုင်ယာမီက အတ္တလန်တာကို ဂိုးပြတ်အနိုင်ရခဲ့ပြီး မက်ဆီ နှစ်ဂိုးသွင်းယူ

ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲတွင် အင်တာမိုင်ယာမီက အတ္တလန်တာ ယူနိုက်တက်ကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ကာ အဆိုပါပွဲစဉ်တွင် လီယွန်နယ် မက်ဆီက ကိုယ်တိုင် နှစ်ဂိုးသွင်းယူခဲ့သလို သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။ပွဲချိန် ၃၉ မိနစ်တွင် ဘာလ်တာဆာ ရော့ဒရီဂက်ဇ်နှင့် တွဲလုံးမှတစ်ဆင့် မက်ဆီက ၁၈ ကိုက်စည်းအတွင်းမှ ဂိုးတိုင်၏ အဝေးထောင့်ဆီသို့ ဝေ့ဝိုက်ကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ဂျော်ဒီ အယ်လ်ဘာက မက်ဆီ၏ အနေတော် ထောင့်ဖြတ်ဘောပေးပို့မှုကို အလိုက်သင့်ပြေးဝင်ကာ ဂိုးသမား ဂျေဒန် ဟစ်ဘတ်ထ်ကိုကျော်ကာ အမြောက်ဘောကန်သွင်း၍ ဒုတိယဂိုးသွင်းယူခဲ့သည်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ BMO Field အားကစားကွင်း၌ တိုရွန်တို အက်ဖ်စီနှင့် အင်တာမိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ (MLS) တွင် အင်တာမိုင်ယာမီအသင်းမှ တာဒီယို အယ်လန် (ဝဲ) ဂိုးသွင်းပြီးနောက် အသင်းဖော် လီယွန်နယ် မက်ဆီနှင့်အတူ အောင်ပွဲခံနေပုံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထို့နောက် ပြိုင်ဘက်ခံစစ်ကြောင်း၏ ခေါင်းတိုက်ဖျက်ထုတ်မှု ပြန်လျှံထွက်လာစဉ် လူးဝစ်စ် ဆွာရက်ဇ်က အဝေးမှ လှလှပပ မြေမကျကန်သွင်းခဲ့သဖြင့် အင်တာမိုင်ယာမီအသင်း တတိယဂိုး ရရှိခဲ့သည်။
ဆက်လက်၍ မက်ဆီကပင် အယ်လ်ဘာ၏ အဝေးဘောပေးပို့မှုကို ရင်ဘတ်ဖြင့်တစ်ချက်ထိန်းကာ ဂိုးသမား ဟစ်ဘတ်ထ်ကိုကျော်၍ လှိမ့်ဘောကန်သွင်းကာ ဂိုးထပ်မံသွင်းယူခဲ့သည်။ သို့ဖြစ်၍ အသက် ၃၈ နှစ်အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင်မှာ ယခုရာသီ၌ မေဂျာလိဂ်တွင် ၂၇ ပွဲ ကစားခဲ့ရာ သွင်းဂိုး ၂၆ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ယခုရလဒ်ကြောင့် အင်တာမိုင်ယာမီအနေဖြင့် ၃၃ ပွဲ ကစားထားပြီး တစ်ပွဲကစားရန် ကျန်ရှိချိန်တွင် ၆၂ မှတ် ရရှိထားကာ Eastern Conference ဦးဆောင်သူ ဖီလာဒဲလ်ဖီးယားနှင့် လေးမှတ်အကွာတွင် ရပ်တည်နေပြီး အတ္တလန်တာ ယူနိုက်တက်မှာမူ အသင်း ၁၅ သင်း ရှိသည့်အနက် အဆင့်-၁၄ ၌ ရပ်တည်လျက်ရှိသည်။ (Xinhua)
……………………………………………………………
(English Version)
Messi powers Miami past struggling Atlanta
WASHINGTON, Oct. 11 (Xinhua) — Lionel Messi scored two goals and set up another as Inter Miami cruised to a 4-0 home MLS win over Atlanta United on Saturday.
Messi put his side ahead in the 39th minute by combining with Baltasar Rodriguez and curling a shot into the far corner from just inside the 18-yard box.
Jordi Alba doubled the lead just after halftime when he ran onto Messi’s perfectly weighted diagonal pass and lobbed a shot over goalkeeper Jayden Hibbert.
Luis Suarez made it 3-0 with a spectacular long-range volley after latching onto a headed defensive clearance.
Messi then controlled Alba’s long pass with his chest before firing low past Hibbert. The 38-year-old Argentina captain now has 26 goals and 18 assists in 27 MLS appearances this season.
Saturday’s result leaves Inter Miami with 62 points from 33 games, four points behind Eastern Conference leaders Philadelphia with one matchday remaining. Atlanta United is 14th in the 15-team standings.
English Caption 1
Lionel Messi of Inter Miami CF takes a free kick during the 2025 Major League Soccer(MLS) regular season match between Toronto FC and Inter Miami CF at BMO Field in Toronto, Canada, on Sept. 27, 2025. (Photo by Zou Zheng/Xinhua)
English Caption 2
Tadeo Allende (L) of Inter Miami CF celebrates scoring with teammate Lionel Messi during the 2025 Major League Soccer(MLS) regular season match between Toronto FC and Inter Miami CF at BMO Field in Toronto, Canada, on Sept. 27, 2025. (Photo by Zou Zheng/Xinhua)