Connect with us

International Organizations

မန်ချက်စတာစီးတီးက ဝုဗ်ကို အနိုင်ရရှိ၊ ဘုန်းမောက်က လီဗာပူးလ်ကို နောက်ကျဂိုးဖြင့် အနိုင်ယူ

လန်ဒန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးက အမှတ်ပေးဇယား အောက်ဆုံးမှ ဝူလ်ဗာဟမ်တန်ကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သဖြင့် မန်ချက်စတာယူနိုက်တက်နှင့် ဘိုဒို/ဂလင့်ထ်တို့အား အရေးနိမ့်ခဲ့သည့် ခက်ခဲသော သီတင်းပတ်ကို အဆုံးသတ်ကာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နှင့် လေးမှတ်အကွာသို့ ရောက်ရှိလာပြီဖြစ်သည်။နည်းပြ ပက်ပ် ဂွါဒီယိုလာက ယခုပွဲစဉ်တွင် အဓိကတိုက်စစ်မှူး အာလင် ဟာလန်းကို အနားပေးရန် ဆုံးဖြတ်ခဲ့ပြီး ၎င်း၏နေရာတွင် ပွဲထွက်ကစားခဲ့သည့် အိုမာ မာမွတ်ရှ်က ပွဲစပြီး ၆ မိနစ်အကြာတွင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ဂွါဒီယိုလာ၏ ဆုံးဖြတ်ချက်မှာ ထိရောက်မှုရှိခဲ့သလို ပထမပိုင်း နာကျင်အချိန်ပိုတွင် ကစားသမားသစ် အန်တိုနီ ဆီမန်ညိုက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။

ဘုန်းမောက်နှင့် လီဗာပူးလ်အသင်း၏ ပွဲစဉ်၌ ဧည့်သည် လီဗာပူးလ်အသင်းက နှစ်ဂိုးပြတ် ရှုံးနိမ့်နေရာမှ ‌‌ချေပဂိုးနှစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း အာမင်း အက်ဒ်လီ၏ နာကျင်အချိန်ပို သွင်းဂိုးကြောင့် ဘုန်းမောက်က ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လီဗာပူးလ်ခံစစ်က ပြတ်ပြတ်သားသား ရှင်းမထုတ်နိုင်ခဲ့သဖြင့် အီဗန်နီလ်ဆင်က ဦးဆောင်ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၃၄ မိနစ်တွင် အဲလက်စ် ဂျင်မီနက်ဇ်က လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်၏ ခြေထောက်ကြားမှ ဂိုးသွင်းယူကာ ၂-၀ ဖြစ်စေခဲ့သည်။

 

ထို့နောက် ပထမပိုင်း ပွဲပြီးခါနီးတွင် ဗာဂျယ် ဗန်ဒိုက်က ခေါင်းတိုက်၍ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပြီး ဒေါမနစ် ဆိုဘော့ဇ်လိုင်က ဖရီးကစ်မှတစ်ဆင့် ချေပဂိုးထပ်မံသွင်းယူခဲ့ရာ လီဗာပူးလ်အနေဖြင့် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့်မှတ်တမ်းကို ပိုင်ဆိုင်နိုင်တော့မည်ဟု ထင်မှတ်ရသော်လည်း အက်ဒ်လီက ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် အနိုင်ဂိုးသွင်းယူခဲ့သည်။

တော့တင်ဟမ်နှင့် ဘန်လေအသင်း၏ ပွဲစဉ်မှာ ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး တော့တင်ဟမ်အတွက် ချေပဂိုးကို ခရစ်ရှန် ရိုမဲရိုးက မိနစ် ၉၀ ၌ သွင်းယူနိုင်ခဲ့သဖြင့် နည်းပြ သောမတ်စ် ဖရန့်ခ်အဖို့ ဖိအားလျော့ကျသွားဖွယ်ရှိသည်။ သို့သော် အိမ်ရှင်ဘန်လေအသင်းမှာမူ အရေးပါသော အနိုင်ရလဒ်ကို ရယူနိုင်လုဆဲဆဲတွင် ချေပဂိုးပြန်ပေးခဲ့ရသဖြင့် အကြီးအကျယ် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။
မစ်ကီ ဗန်ဒီဗန်က ပွဲချိန် ၃၈ မိနစ်တွင် တော့တင်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၄၅ မိနစ်တွင် အက်ဆယ်လ် တွမ်ဇီဘီက ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် လိုင်လီ ဖော်စတာက ဦးဆောင်ဂိုးသွင်းယူခဲ့သဖြင့် ဘန်လေအသင်း သုံးမှတ်ရလုဆဲဆဲတွင် ရိုမဲရိုးက ပွဲပြီးခါနီးတွင် ခေါင်းတိုက်၍ ချေပဂိုးသွင်းယူခဲ့သည်။


ဖူလ်ဟမ်ကလည်း ဟယ်ရီ ဝီလ်ဆင်၏ နောက်ကျအနိုင်ဂိုးကြောင့် ဘရိုက်တန်ကို နောက်မှလိုက်ကစားကာ အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယာဆင် အာယာရီက ဘရိုက်တန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၇၂ မိနစ်တွင် ဆမ်မြူရယ် ချူကွီဇီက ချေပဂိုးသွင်းယူခဲ့ကာ ဝေးလ်စ်လက်ရွေးစင် ဝီလ်ဆင်က ဖူလ်ဟမ်အတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။

ဝက်စ်ဟမ်းက ဆန်းဒါးလန်းကို အိမ်ကွင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ရလဒ်ပိုင်း ပြန်လည်တည်ငြိမ်ကောင်းမွန်လာပုံရသည်။ ခရစ်ဆန်စီယို ဆမ်းမားဗေးလ်၊ ဂျရတ် ဘိုဝင်နှင့် မတ်တီယက်စ် ဖာနန်ဒက်ဇ်တို့၏ ပထမပိုင်းသွင်းဂိုးများကြောင့် ဝက်စ်ဟမ်းက ပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ဘရိုင်ယန် ဘရော့ဘီက ဧည့်သည်အသင်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ (Xinhua)

————————-
Manchester City beats Wolves, Bournemouth stuns Liverpool with late winner
LONDON, Jan. 24 (Xinhua) — Manchester City ended a difficult week that saw defeats to Manchester United and Bodo/Glint with a relatively straightforward 2-0 home win over bottom club Wolverhampton Wanderers on Saturday, moving to within four points of Premier League leader Arsenal.
Pep Guardiola decided to rest Erling Haaland and was rewarded when his replacement Omar Marmoush put his side ahead after six minutes, with recent signing Antoine Semenyo doubling the lead on the stroke of halftime.
Amine Adli hit a stoppage-time winner as Bournemouth beat 3-2 at home after the visiting side had fought back from 2-0 down. Evanilson put Bournemouth ahead after Liverpool failed to clear, and Alex Jimenez slipped the ball through Alisson’s legs to make it 2-0 in the 34th minute.
Virgil van Dijk headed Liverpool back into the game on the verge of halftime, and Dominik Szoboszlai’s free kick looked as if it would extend Liverpool’s unbeaten run to 14 matches before Adli scrambled home in the dying seconds.
Cristian Romero scored a 90th-minute equalizer to give Tottenham a 2-2 draw away to Burnley and perhaps ease the pressure on coach Thomas Frank, while breaking the home side’s hearts after they had seemed on course for a vital win.
Micky van de Ven put Tottenham ahead in the 38th minute, but Axel Tuanzebe equalized in the 45th minute and Lyle Foster looked to have earned Burnley three points before Romero’s late saving header.