ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က ယူကရိန်းအရေးအား “ ကြောင်းကျိုးဆီလျော်သောဖြေရှင်းမှုများ” လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအလုံးကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) အစောပိုင်းကာလ သုတေသနပြုချက်များတွင် အိုမီခရွန် ဆင့်ကဲ သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် BA.2၏ ကူးစက်ပြန့်ပွားမှု ပို၍ လွယ်ကူသည်ကို တွေ့ရှိခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဖေဖော်ဝါရီ ၁၅ ရက် ကိုဗစ်-၁၉ အပတ်စဉ် ကူးစက်ရောဂါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) သံတမန်ရေးနည်းလမ်းဖြင့် ရုရှားနှင့်ယူကရိန်း နယ်စပ်ဒေသ အခြေအနေတင်းမာမှုကို ဖြေရှင်းကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဗီယင်နာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့(UNIDO)က ထောက်ခံကြောင်း UNIDO ညွှန်ကြားရေးမှူးချုပ်အသစ် Gerd Müllerက ဖေဖော်ဝါရီ ၉ ရက်က ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် အထူးသံအမတ်ကြီး ဝမ်ချွင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ Gerd Müllerက...
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုနှစ်အတွင်း ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကို အဆုံးသတ်ရန် အရေးကြီးသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရန် ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပူးတွဲ တောင်းဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များကြီးကြပ်ကွပ်ကဲရေးဌာနက Sinopharm zhongsheng Beijing ၏ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံအတွင်း တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ထို့ပြင် ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အသက်...
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ၏ အနောက်ဩစတြေးလျပြည်နယ် (WA) ရှိ အရေးပေါ်ဌာနက ပြည်နယ် အနောက်တောင်ပိုင်းနှင့် Perth မြို့တော်တွင် တောမီးလောင်ကျွမ်းမှုနှစ်ခုကို သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ Perth မြို့ရှိ တောမီးသည် Canning Mills ရပ်ကွက်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြေဧက...
ဆောပိုလို၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်၌ ရက်သတ္တပတ်ကျော် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ခဲ့ရာမှ ပျောက်ဆုံးနေသောရုပ်အလောင်း ၃ဦးကို ထပ်မံရှာဖွေတွေ့ရှိမှုနှင့်အတူ သေဆုံးသူအရေအတွက် ၂၈ ဦးအထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ မြေပြိုမှုကြောင့် နစ်မြုပ်ပျောက်ဆုံးနေသည့်...
တိုကျို ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံလေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(JASDF) မှ F15 ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၃၁ ရက်တွင် ဂျပန်ပင်လယ်ပြင်ပေါ်တွင် လေ့ကျင့်ရေး ပြုလုပ်နေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း JASDF က ပြောကြားခဲ့သည်။ အဆိုပါ ဂျက်လေယာဉ်သည် ဂျပန်နိုင်ငံအလယ်ပိုင်း Ishikawa စီရင်စုရှိ Komatsu...
မော်စကို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်လုံးမှ ရုရှားလုံခြုံရေးအာမခံချက်၊ ယူကရိန်းအခြေအနေ စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရုရှားသမ္မတ ဝက်ဘ်ဆိုဒ်မှ သတင်းဖော်ပြချက်အရ သိရသည်။ ရုရှားနိုင်ငံသည်...