ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဒေသတွင်းတည်ငြိမ်ရေးအတွက် ပါလက်စတိုင်းအရေးကိစ္စအား တရားမျှတာစွာဖြေရှင်းရေးသည် မရှိမဖြစ်လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud က စက်တင်ဘာ ၂၃ ရက်၌ ပြုလုပ်သည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောကြားစဉ် ထိုသို့ပြောကြားခဲ့သည်။
ဟာဗားနား၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) “G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်ရှိ စိန်ခေါ်မှုများကို ဖြေရှင်းရန် အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယခုအကြိမ် ထိပ်သီး...
ဂျီနီဗာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဖူကူရှီးမား နျူကလီးယားရေးဆိုးများကို ဂျပန်အစိုးရက တစ်ဖက်သတ် ခေါင်းမာစွာ ပင်လယ်အတွင်းသို့ စွန့်ထုတ်ခြင်းသည် ပစိဖိတ် သမုဒ္ဒရာ ကမ်းရိုးတန်းနိုင်ငံများကိုသာမက ကမ္ဘာတစ်ဝန်းပြည်သူများ၏ ကျန်းမာစွာ နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပတ်ဝန်းကျင် အခွင့်အရေးကို ဆိုးဝါးစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး)...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယူကရိန်း အကျပ်အတည်းကို အဖြေရှာရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံ အထူးသံတမန်က စက်တင်ဘာ ၈ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ ယူကရိန်းအကျပ်အတည်းသည် အချိန်ကာလရှည်ကြာလှပြီဖြစ်ကာ မြေပြင်ရှိ တင်းမာမှုများမှာ မြင့်မားနေဆဲဖြစ်သလို ယင်းအခြေအနေကြောင့် သက်ရောက်မှုများမှာလည်း ပိုမိုလျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။...
ကုလသမဂ္ဂ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) ယူကရိန်း ပြန်လည် ငြိမ်းချမ်းရေးအတွက် လိုအပ်သည်မှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဩဂုတ် ၁၇ ရက်တွင် ပြုလုပ်သော ယူကရိန်းသို့ လက်နက်ထောက်ပံ့မှုအပေါ် လုံခြုံရေးကောင်စီ၏ စိစစ်သုံးသပ်မှု အစည်းအဝေး၌ ပြောကြားခဲ့သည်။...
ဂျီနီဗာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံရှိ ကြောင်အချို့တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ခံရပြီး သေဆုံးမှု ဖြစ်ပွားကြောင်း၊ ၎င်းမှာ နိုင်ငံတစ်နိုင်ငံတည်း၌ ကြောင်အရေအတွက် အများအပြားတွင် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်မှုရှိသည်ကို ပထမဆုံးအကြိမ်တင်ပြခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၁၇ ရက်တွင် အသိပေးပြောကြားခဲ့သည်။ ပိုလန်နိုင်ငံတွင် ကြောင်များ ပုံမှန်မဟုတ်သော...
ဂျီနီဗာ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် သမုဒ္ဒရာအတွင်းသို့ နျူကလီးယားညစ်ညမ်းရေစွန့်ထုတ်မည့် အစီအစဉ်ကိုရပ်တန့်ရန် တရုတ်နိုင်ငံက ၅၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး၌ တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဂျပန်နိုင်ငံဆိုင်ရာ Universal Periodic Review (UPR) ရလဒ်ကို ဇူလိုင် ၁၀...
ကုလသမဂ္ဂ၊ ဇွန် ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆည် ပျက်စီးမှုအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း တရုတ်သံတမန်က ပြောကြားခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများ ကာကွယ်ရေးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် အရေးပါသောစည်းမျဉ်းတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။...
ကုလသမဂ္ဂ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ၏ အခြေအနေ သုံးသပ်ရေး အရေးပေါ်အစည်းအဝေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၂၅ ရက်တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်းက အခြေအနေတင်းမာမှုများ ထပ်ဆင့်တိုးလာမှု ရှောင်ရှားနိုင်ရေးအတွက် ဆူဒန်ပဋိပက္ခဖြစ်ပွားသူများ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန်...
ကုလသမဂ္ဂ၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ပျောက်ဆုံးသူများကိစ္စရပ်ဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မတ် ၂၈ ရက်က ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းက ပြောကြားခဲ့ရာတွင် ဆီးရီးယား လူ့အခွင့်အရေး ပြဿနာအပေါ် အချို့နိုင်ငံများက ထားရှိသော သူတော်ကောင်းယောင်ဆောင်မှုကို...