မော်စကို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်လုံးမှ ရုရှားလုံခြုံရေးအာမခံချက်၊ ယူကရိန်းအခြေအနေ စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရုရှားသမ္မတ ဝက်ဘ်ဆိုဒ်မှ သတင်းဖော်ပြချက်အရ သိရသည်။ ရုရှားနိုင်ငံသည်...
ပြုံယမ်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) သည် အဓိကလက်နက်နည်းစနစ် ထုတ်လုပ်သည့် လက်နက်ခဲယမ်းစက်ရုံတစ်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဇန်နဝါရီ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ စစ်ဆေးနေစဉ်အတွင်း ကင်သည် စက်ရုံတွင် လတ်တလော နည်းပညာ...
ဆိုးလ်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် အရှေ့ပင်လယ်ပြင်ထဲသို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းမြို့ Hamhung ၏အရှေ့မြောက်ဘက်မှ အရှေ့ဘက်ပင်လယ်ထဲသို့ ပစ်လွှတ်လာသည့်...
မော်စကို ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားစစ်သင်္ဘော နှင့် ထောက်ပို့သင်္ဘော အစီး ၂၀ ကျော်သည် ပင်လယ်နက်အတွင်း လေ့ကျင့်ရေးပြုလုပ်ရန်အတွက် ၎င်းတို့၏ အခြေစိုက်စခန်းများမှ ထွက်ခွာသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဖရီးဂိတ်များ ၊ ကင်းလှည့်သင်္ဘောများ...
ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ရုရှား”တားဆီးရေးနှင့်ကြိုတင်ကာကွယ်ရေး”ကို မြှင့်တင်ရန်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများက အရှေ့ဥရောပသို့ စစ်သင်္ဘောနှင့်တိုက်လေယာဉ်များ ထပ်တိုးစေလွှတ်လျက်ရှိပြီး တပ်ဖွဲ့ဝင်အများစုက အသင့်အနေအထားတွင်ရှိနေကြောင်း မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့(NATO)က ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင်ပင် အမေရိကန် အစိုးရအရာရှိတစ်ဦးက သမ္မတဘိုင်ဒန်အနေဖြင့် ဘောလ်တစ်ပင်လယ်နှင့်အရှေ့ဥရောပဒေသ နေတိုးမဟာမိတ်နိုင်ငံများသို့ ထောင်နှင်ချီရှိသော အမေရိကန်စစ်သားများနှင့် စစ်သင်္ဘော၊...
ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၂၄ ရက်က ဖြစ်ပွားခဲ့သော အနောက်အာဖရိကနိုင်ငံ ဖြစ်သည့် ဘာကီးနားဖားဆိုနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှု နှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားရာ၌ ၂၁ ရာစုတွင် စစ်တပ်က အာဏာသိမ်းခြင်းများကို...
ဆိုးလ် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)သည် အရှေ့ဘက်ပင်လယ်အတွင်းသို့ ခရုဇ်ဒုံးကျည်များဟု ယူဆရသည့် အမျိုးအမည်မသိ ဒုံးကျည်များအား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ Yonhap သတင်းအေဂျင်စီက အမည်မဖော်လိုသည့် စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇန်နဝါရီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယားစစ်တပ်သည် ဇန်နဝါရီ ၂၅...
ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက တွန်ဂါနိုင်ငံ၏ ကပ်ဘေးအခြေအနေကို အထူးဂရုပြုကြောင်း၊ ယခင်အကူအညီများပေါ်တွင် အခြေခံကာ နောက်ထပ် တတိယအသုတ် အရေးပေါ်အထောက်အပံ့ပစ္စည်းများ ကူညီပေးသွားရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇန်နဝါရီ ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တွန်ဂါ၏ကပ်ဘေးအခြေအနေကို တရုတ်နိုင်ငံက အစဉ်...
တိုကျို၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ ဖူကူရှီးမား ဒိုင်အိချိ နျူးကလီးယား ဓါတ်အားပေးစက်ရုံသည် ယခုရက်ပိုင်းများတွင် “အေးခဲမြေထိန်းနံရံ”အေးခဲရည် ၄ တန်ခန့် ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဂျပန်မီဒီယားများက ဇန်နဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက ထိုသို့ဖြစ်ပွားခြင်းသည် “အေးခဲမြေထိန်းနံရံ”၏စွမ်းရည်အပေါ် သက်ရောက်မှုမရှိဟု ဆိုသည်။...
တီဟီရန် ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေးသွင်းရန် ကျန်ရှိနေသော အသင်းဝင်ကြေးကြွေးကျန်များကို တောင်ကိုရီးယားနိုင်ငံ၌ ထိန်းချုပ်ခံထားရသည့် အီရန်ရံပုံငွေများမှတဆင့် ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်၍ အီရန်နိုင်ငံအနေဖြင့် မဲပေးခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ထုတ်ဖော်ကြေညာခဲ့သည်။