ဆိုးလ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိ ဒုံးကျည်တစ်ခုအား အရှေ့ဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။ ထိုသို့ပစ်လွှတ်ခြင်းမှာ ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ တတိယမြောက် ဒုံးကျည်ပစ်လွှတ်ခြင်းဖြစ်သည်။...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ပြည်သူများအနေဖြင့် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကာကွယ်ရန် COVID-19 ရောဂါ တိုက်ဖျက်ရေး အားဖြည့်ကာကွယ်ဆေး ထိုးနှံကြရန် တရုတ်နိုင်ငံမှ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်သဖြင့် အီရန် နှင့် ဗင်နီဇွဲလာ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံကို ကုလသမဂ္ဂ၌ ၎င်းတို့၏ မဲပေးခွင့်များအား ရုပ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကတ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Feng Biao နှင့် ဆီးရီးယား စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Fadi Khalil တို့သည် နှစ်နိုင်ငံအစိုးရကိုယ်စားအဖြစ် ဒမတ်စကတ်မြို့၌ ဇန်နဝါရီ ၁၂ ရက်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ...
ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် “ အားကြီးသော ဒီလှိုင်း”ကဲ့သို့ ဥရောပတိုက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ကူးစက်ပြန့်နှံ့လာနေကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) အာဖရိကတိုက် ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်မှစတင်ခဲ့သော မငြိမ်မသက်ကမောက်ကမဖြစ်ပွားမှု အခြေအနေကို အဆုံးသတ်နိုင်စေရန် ရည်ရွယ်ကာ ကုလသမဂ္ဂက ဆူဒန် စစ်တပ်၊ နိုင်ငံရေးပါတီနှင့်အခြားအဖွဲ့အစည်းကိုယ်စားလှယ်များကို တွေ့ဆုံဆွေးရန် ဖိတ်ကြားမည်ဖြစ်ကြောင်း ကုလသမဂ္ဂကဘက်က ဇန်နဝါရီ ၈ ရက် တွင် ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးရန်...
နယူးယောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Maine ပြည်နယ်မှ ဗာဂျီးနီးယားပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်းဒေသ အများအပြားကို ဆောင်းရာသီ မုန်တိုင်းတစ်ခု ဇန်နဝါရီ ၇ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် စာသင်ကျောင်းပိတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနှင့် လေကြောင်းခရီးစဉ်ဖျက်သိမ်းခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် အထူးသဖြင့် နယူးဂျာစီပြည်နယ်နှင့် ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးများက ပြည်နယ်အရေးပေါ်အခြေအနေ...
ပြုံယမ်း ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က အသံထက်မြန်သော ဒုံးကျည်တစ်စင်းအား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဇန်နဝါရီ ၆ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါဒုံးကျည်အား ဇန်နဝါရီ ၅ ရက်တွင် ကာကွယ်ရေးသိပ္ပံအကယ်ဒမီက ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး ကီလိုမီတာ ၇၀၀...
ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ ထိပ်တန်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသော ရီယိုဒီဂျနေးရိုးမြို့သည် COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ယင်းမြို့၏ ဓလေ့ရိုးရာ ကာနီဗယ်ပွဲတော် လမ်းမပေါ်ချီတက်ခြင်းများကို ပယ်ဖျက်လိုက်ကြောင်း ဇန်နဝါရီ ၄ ရက်က ကြေညာခဲ့သည်။ လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများ၌ မြို့တော်ဝန် Eduardo...
ဆိုးလ် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)သည် အမျိုးအမည်မသိသော ဒုံးကျည်တစ်စင်းအား အရှေ့ဘက်ရေပြင်ဆီသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ယနေ့ ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါဒုံးကျည်အား ဇန်နဝါရီ ၅ ရက် နံနက်အစောပိုင်းတွင် ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း...