ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုနှစ်အတွင်း ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါကို အဆုံးသတ်ရန် အရေးကြီးသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရန် ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ ပူးတွဲ တောင်းဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များကြီးကြပ်ကွပ်ကဲရေးဌာနက Sinopharm zhongsheng Beijing ၏ ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံအတွင်း တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ထို့ပြင် ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အသက်...
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ၏ အနောက်ဩစတြေးလျပြည်နယ် (WA) ရှိ အရေးပေါ်ဌာနက ပြည်နယ် အနောက်တောင်ပိုင်းနှင့် Perth မြို့တော်တွင် တောမီးလောင်ကျွမ်းမှုနှစ်ခုကို သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ Perth မြို့ရှိ တောမီးသည် Canning Mills ရပ်ကွက်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြေဧက...
ဆောပိုလို၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်၌ ရက်သတ္တပတ်ကျော် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ခဲ့ရာမှ ပျောက်ဆုံးနေသောရုပ်အလောင်း ၃ဦးကို ထပ်မံရှာဖွေတွေ့ရှိမှုနှင့်အတူ သေဆုံးသူအရေအတွက် ၂၈ ဦးအထိ မြင့်တက်လာကြောင်း ဒေသဆိုင်ရာ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ မြေပြိုမှုကြောင့် နစ်မြုပ်ပျောက်ဆုံးနေသည့်...
တိုကျို ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံလေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(JASDF) မှ F15 ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၃၁ ရက်တွင် ဂျပန်ပင်လယ်ပြင်ပေါ်တွင် လေ့ကျင့်ရေး ပြုလုပ်နေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း JASDF က ပြောကြားခဲ့သည်။ အဆိုပါ ဂျက်လေယာဉ်သည် ဂျပန်နိုင်ငံအလယ်ပိုင်း Ishikawa စီရင်စုရှိ Komatsu...
မော်စကို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက်လုံးမှ ရုရှားလုံခြုံရေးအာမခံချက်၊ ယူကရိန်းအခြေအနေ စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရုရှားသမ္မတ ဝက်ဘ်ဆိုဒ်မှ သတင်းဖော်ပြချက်အရ သိရသည်။ ရုရှားနိုင်ငံသည်...
ပြုံယမ်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) သည် အဓိကလက်နက်နည်းစနစ် ထုတ်လုပ်သည့် လက်နက်ခဲယမ်းစက်ရုံတစ်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဇန်နဝါရီ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ စစ်ဆေးနေစဉ်အတွင်း ကင်သည် စက်ရုံတွင် လတ်တလော နည်းပညာ...
ဆိုးလ်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် အရှေ့ပင်လယ်ပြင်ထဲသို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းမြို့ Hamhung ၏အရှေ့မြောက်ဘက်မှ အရှေ့ဘက်ပင်လယ်ထဲသို့ ပစ်လွှတ်လာသည့်...
မော်စကို ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားစစ်သင်္ဘော နှင့် ထောက်ပို့သင်္ဘော အစီး ၂၀ ကျော်သည် ပင်လယ်နက်အတွင်း လေ့ကျင့်ရေးပြုလုပ်ရန်အတွက် ၎င်းတို့၏ အခြေစိုက်စခန်းများမှ ထွက်ခွာသွားခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဖရီးဂိတ်များ ၊ ကင်းလှည့်သင်္ဘောများ...
ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ရုရှား”တားဆီးရေးနှင့်ကြိုတင်ကာကွယ်ရေး”ကို မြှင့်တင်ရန်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများက အရှေ့ဥရောပသို့ စစ်သင်္ဘောနှင့်တိုက်လေယာဉ်များ ထပ်တိုးစေလွှတ်လျက်ရှိပြီး တပ်ဖွဲ့ဝင်အများစုက အသင့်အနေအထားတွင်ရှိနေကြောင်း မြောက်အတ္တလန္တိတ်သဘောတူစာချုပ်အဖွဲ့(NATO)က ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင်ပင် အမေရိကန် အစိုးရအရာရှိတစ်ဦးက သမ္မတဘိုင်ဒန်အနေဖြင့် ဘောလ်တစ်ပင်လယ်နှင့်အရှေ့ဥရောပဒေသ နေတိုးမဟာမိတ်နိုင်ငံများသို့ ထောင်နှင်ချီရှိသော အမေရိကန်စစ်သားများနှင့် စစ်သင်္ဘော၊...