Latin America
ဘရာဇီးတွင် အကျဉ်းသား ၁၀၀ ကျော် ထောင်ဖောက်ထွက်ပြေး

ရီယိုဒီဂျန်နိုင်ရို၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Recife မြို့ ရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၀၀ ကျော် ထောင်ဖောက်ပြေးမှု ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အကျဉ်းသားနှစ်ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။
အကျဉ်းသားများသည် Frei Damiao de Bozanno အမည်ရှိ အကျဉ်းထောင် ၏ နံရံများထဲမှ တစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ ဖြင့် ဖျက်ဆီးကာ လွတ်မြောက်သွားခဲ့ကြောင်း ပြည်တွင်း သတင်းစာ Diario de Pernambuco ၌ ဖော်ပြခဲ့သည်။
သို့သော် အဆိုပါနေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က အနည်းဆုံး အကျဉ်းသား ၄၀ ကို ပြန်လည် ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် သုံးရက်ကလည်း Recife ၏ မြို့ပြဧရိယာအတွင်း Itamaraca ရှိ Professor Barreto Campelo အကျဉ်းထောင်၌လည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ကာ အကျဉ်းသား ၅၃ ဦး ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင် အားလုံးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)