Connect with us

Latin America

သင်္ဘောချင်း တိုက်မိမှုကြောင့် ပနားမား တူးမြောင်းတွင် လမ်းကြောင်း ကျပ်တည်းမှုဖြစ်

ပနားမား တူးမြောင်းအား ဖြတ်သန်းနေသည့် သင်္ဘောကြီး တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-wiki)

ပနားမား၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပနားမား တူးမြောင်း အာဏာပိုင် (ACP) များက ဇန်နဝါရီလ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် သင်္ဘောနှစ်စင်း တိုက်မိမှုကြောင့် ဖြစ်ပေါ်လာသည့် လမ်းကြောင်း ကျပ်တည်းမှုများအား ပုံမှန် ဖြစ်စေရန် လုပ်ဆောင်လျက် ရှိကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

VFM Alita အမည်ရှိ ဗင်နီဇွဲလားနိုင်ငံ သင်္ဘောသည် အခြား သင်္ဘောတစ်စင်း နှင့် တိုက်မိကာ လျင်မြန်စွာ နစ်မြုပ်ခဲ့သောကြောင့် သင်္ဘောသားများသည် သင်္ဘောမှ လျင်မြန်စွာ စွန့်ခွာခဲ့ရပြီး တစ်ဦး တစ်ယောက်မျှ ထိခိုက်မှု မရှိကြောင်း သိရသည်။

သတင်းစာ ရှင်းလင်းပွဲတစ်ခု ၌ ACP က ၁၉၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် Alita သင်္ဘောအား မဖျက်သိမ်းခင် ပနားမား တူးမြောင်း အပြင်ဖက်၌ စောင့်ဆိုင်းနေစဉ် သင်္ဘောချင်း တိုက်မိမှုကြောင့် သင်္ဘောကိုယ်ထည် ပေါက်ကာ နစ်မြုပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ Alita အား တိုက်မိသည့် သင်္ဘော၏ အသေးစိတ် အချက်အလက် ကိုမူ ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

ယခုအခါတွင် Alita သည် ဘယ်ဖက်သို့တိမ်းစောင်းလျက် ပင်လယ်ကြမ်းပြင်၌ လဲလျောင်းနေကာ လုံခြုံရေး အရ အဆိုပါ ဧရိယာတွင် အဝါရောင် ဗော်ယာ နှစ်ခုအား ညအချက်ပြမီးများ နှင့်အတူ ထားရှိ ထားကြောင်း သိရသည်။

ACP သည် သင်္ဘောတိုက်မိမှု အသေးစိတ်ကို အခြား သင်္ဘောများအား သတိပေးပြောကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.