Connect with us

Latin America

နိုင်ငံအတွင်း ရက် ၆၀ စီးပွားရေး ဆိုင်ရာ အရေးပေါ်အခြေအနေ ဗင်နီဇွဲလား အစိုးရ ကြေညာ

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မတ်ဒူရို အားတွေ့ရစဉ် (ဆင်ဟွာ)

ကာရာကာ့စ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အတွက် ဗင်နီဇွဲလား အစိုးရသည် ရက် ၆၀ စီးပွားရေး ဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအား ဇန်နဝါရီလ ၁၅ ရက်၌ ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ သတင်းအား အစိုးရ၏ တရားဝင် ပြန်တမ်းအဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ဗင်နီဇွဲလားနိုင်ငံ စီးပွားရေး ဝန်ကြီး Luis Salas က ပြည်သူများအား စီးပွားရေး ကျဆင်းမှုနှင့် ရေနံဈေး ပြုတ်ကျ မှု အခြေအနေများမှ ကာကွယ်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိ အခြေအနေအရ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မတ်ဒူရို (Nicolas Maduro) သည် ယခု ဘဏ္ဍာနှစ် အတွင်း အများပြည်သူဆိုင်ရာ လုပ်ငန်းများတွင် အရင်းအမြစ်များ ခွဲဝေခြင်းနှင့် အာမခံချက် ရှိသည့် လူမှုရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် တိုက်ရိုက် လုပ်ကိုင်နိုင်မည် ဖြစ်သည်။

ရရှိလာသည့် ရန်ပုံငွေများအား ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်နှင့် အိမ်ရာ စသည်တို့ အပြင် လူမှုရေး အစီအစဉ်များ၌ သုံးစွဲသွားမည် ဖြစ်သည်။

ထို့ပြင် အခွန် တိမ်းရှောင်ခြင်းများအား လျှော့ချနိုင်ရေးနှင့် ပုဂ္ဂလိကဆိုင်ရာ စာချုပ်များ ခွင့်ပြုခြင်းများတွင် အထူး စီမံချက်များ အစိုးရက ထုတ်ပြန်ခြင်း၊ ဆိပ်ကမ်းများ သို့မဟုတ် လေဆိပ်များမှ ဗင်နီဇွဲလား နိုင်ငံသို့ တင်သွင်းမည့် ကုန်စည်များ အတွက် စည်းမျဉ်း စည်းကမ်းများအား ဖြေလျှော့ ပေးခြင်းများ စသည်တို့ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.