Latin America
ဘရာဇီးနိုင်ငံ၏ အလုပ်အကိုင်ရရှိမှုနှုန်း ဇွန်လအတွင်း မြင့်တက်

ဘရပ်ဇီးလီးယား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံတွင် အလုပ်အကိုင်ရရှိမှုနှုန်းသည် ဇွန်လအတွင်း ၃၀ဒသမ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ရာ ၂၀၁၃ ခုနှစ်မှစ၍ အကောင်းဆုံး ရလဒ်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားသည်။
ဇွန်လတွင် အလုပ်အကိုင်အခွင့်အလမ်း ၄၈,၄၃၆ ခုဖန်တီးပေးနိုင်ပြီး မေလတွင် အလုပ်အကိုင်အခွင့်အလမ်း ၃၇,၁၈၈ ခုသာ ဖန်တီးပေးနိုင်ခဲ့ရာ ၃၀ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း မှတ်ပုံတင်ဌာနက ပြောခဲ့သည်။စီးပွားရေးကဏ္ဍများအနက် လူအများဆုံးလုပ်ကိုင်သည့် လုပ်ငန်း ကဏ္ဍများမှာ ဝန်ဆောင်မှုလုပ်ငန်းများတွင် (၂၃,၀၂၀ ခု) နှင့် စိုက်ပျိုးရေးလုပ်ငန်း ၊ ငါးလုပ်ငန်းနှင့် သစ်တောစက်မှုလုပ်ငန်းတို့တွင် ( ၂၂,၇၀၂ခု )တို့ဖြစ်သည်။ သို့သော် စက်မှုလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင် ၁၀,၉၈၈ခုနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွင် အလုပ်အကိုင် ၃,၀၀၇ ခု ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)