Connect with us

Latin America

ချီလီ၌ ရဲစခန်းအား အကြမ်းဖက်တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင် ငါးဦးဒဏ်ရာရရှိ

ဗုံးပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်နေစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံမြို့တော် ဆန်တီယာဂို ၏အရှေ့မြောက်ဘက်ဟွေချူရာဘာ(Huechuraba) ပြည်နယ်ရှိ ရဲ တပ်ဖွဲ့စခန်းအမှတ် (၅၄) တွင် ဇူလိုင် ၂၅ ရက်ကပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးရဲတပ်ဖွဲ့ ဝင်ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ချီလီရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့စခန်းအတွင်း လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်ဂျော့ဂျ် အဗီလာ ကပြော ကြားခဲ့သည်။ရဲမင်းကြီးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်ငါးဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း၎င်းကပြောကြား ခဲ့သည်။ဒဏ်ရာရရှိသူများအနက်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်းသိရသည်။ဒေသခံသတင်းစာတစ်စောင်ကအမျိုးသမီးတစ်ဦးထံမှ ရဲမင်းကြီးထံသို့ ဗုံးပါဝင်သောအထုတ်တစ်ထုတ် အားစာတိုက်မှလိပ်မူပေးပို့ခဲ့ခြင်းဖြစ်ကြောင်းဖေါ်ပြခဲ့သည်။ပေါက်ကွဲမှုက ဒေသစံတော်ချိန် ၁၂း၄၅ နာ ရီ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ချီလီသမ္မတ ဆီဘာစတီယန် ပီနီရာ(Sabestian Pinera) ကရဲတပ်ဖွဲ့ဆေးရုံတစ်ခုရှိဒဏ်ရာရရှိသူများထံသွားရောက်ကြည့်ရှုခဲ့ပြီး ၎င်းကအကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.