Connect with us

Latin America

ဘရာဇီးနိုင်ငံ အမေဇုံနက်စ်ပြည်နယ်ရှိ အကျဉ်းထောင် ၄ ခုတွင် အကျဉ်းသား ၄၀ သေဆုံး

ဘရာဇီးနိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီးယား၊ မေ ၂၇ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အမေဇုံနက်စ်(Amazonas)ပြည်နယ် မနက်စ် (Manaus) မြို့ရှိ အကျဉ်းထောင် ၄ ခု၌ အကျဉ်းသား အယောက် ၄၀ သေဆုံးနေသည်ကို မေ ၂၇ ရက်တွင် တွေ့ရှိရကြောင်း ယင်းပြည်နယ် အကျဉ်းဦးစီးဌာနက ပြောကြားခဲ့သည်။

သေဆုံးသွားသော အကျဉ်းသားများသည် အသက်ရှုကျပ်ပြီးသေဆုံးသည့်အနေအထားမျိုးရှိကြောင်း အကျဉ်းဦးစီးဌာနက ဆိုသည်။ အန်တိုနီယာထရန်ဒေး အကျဉ်းထောင်တွင် ၂၅ ဦး ၊ ပရာဂူလာအကျဉ်းထောင်တွင် ၆ ဦး၊ အမျိုးသား ယာယီထိန်းသိမ်းရေးအကျဉ်းစခန်းတွင် ၅ ဦး ၊ အန်နီစီရိုဂျိုဘင်မ် အကျဉ်းထောင်တွင် ၄ ဦး အသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် အန်နီစီရိုဂျိုဘင်မ် အကျဉ်းထောင်တွင် မေ ၂၆ ရက်က အဓိကရုဏ်းဖြစ်ပွားခဲ့ရာ လူ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားပြီးနောက် လုံခြုံရေး နည်းလမ်းများကိုတိုးမြှင့်ဆောင်ရွက်ထားပြီးဖြစ်ရာ အခြေအနေထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ပြောကြားခဲ့သည်။ သို့သော် မေ ၂၇ ရက်ကမူ အကျဉ်းထောင်အတွင်း အဓိကရုဏ်းဖြစ်ပွားမှုများမရှိသလို ပစ္စည်းများ ဖျက်ဆီးထားသည်ကိုလည်း မတွေ့ရှိရကြောင်း ၊ အကျဉ်းသားသေဆုံးမှုနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါပြဿနာကို ဖြေရှင်းရန် အမေဇုံနက်စ်(Amazonas)ပြည်နယ်သို့ အထူးတပ်ဖွဲ့စေလွှတ်ထား သည်ဟု ဘရာဇီးနိုင်ငံ တရားစီရင်ရေးဌာနက မေ ၂၇ ရက်တွင် ကြေညာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.