Connect with us

Latin America

တရုတ် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အား စတုတ္ထ အကြိမ်မြောက် လူ့အသုံးအဆောင် ပစ္စည်းများ လွှဲပြောင်းပေးအပ်

ဗင်နီဇွဲလား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး လီပေါင်ယုံး( Li Baorong ) က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

ကာရာကာ့စ် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ မှ ဗင်နီဇွဲလား နိုင်ငံ အား ထောက်ပံ့ပေးသည့် စတုတ္ထအကြိမ်မြောက် လူ့အသုံးအဆောင် ပစ္စည်းများ က မေလ ၂၇ ရက် တွင် ကာရာကာ့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိခဲ့ပြီး တရုတ် နိုင်ငံ သံအမတ်ကြီး က ဗင်နီဇွဲလား နိုင်ငံ ကျန်းမားရေး ဝန်ကြီး အား လွှဲပြောင်းပေး ခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး လီပေါင်ယုံး( Li Baorong ) က လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တွင် ယခု နှစ် မတ်လ မှ စတင်၍ တရုတ် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အား တန်ချိန်ပေါင်း ၂၆၉ တန် ရှိ အခြေခံ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ က အပြန်အလှန် ယုံကြည်ကြသော စစ်မှန်သည့် မိတ်ဆွေ နိုင်ငံဖြစ်ကြပြီး အတူတကွ အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံ ဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ တွေ့ကြုံနေရသည့် အခက်အခဲ အပေါ် ထပ်တူခံစားပေးနိုင်ပြီး ပြည်ပဝင်ရောက် စွက်ဖက်မှုများ နှင့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများ အပေါ် ခိုင်မြဲစွာ ဆန့်ကျင်ကြောင်း ၊ တရုတ် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အား ဆက်လက်၍ ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံ စီးပွားရေး နှင့် လူမှုရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တတ်နိုင်သော ထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ ကျန်းမာရေး ဝန်ကြီး က နိုင်ငံတော် သမ္မတ ကိုယ်စား တရုတ် နိုင်ငံ အစိုးရ ၏ ကူညီထောက်ပံ့မှု အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ မှ ထောက်ပံ့ပေးသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ က ဗင်နီဇွဲလား နိုင်ငံ ၏ ကျန်းမာရေး ကဏ္ဍ အခြေအနေ ကို များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ ၏ အရေးယူပိတ်ဆို့မှု အား ခုခံရန် အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ က မတ်လ ၂၉ ရက် ၌ ဗင်နီဇွဲလား နိုင်ငံ အား ပထမဆုံး အကြိမ် အထောက်အပံ့ ပစ္စည်းများ အား လွှဲပြောင်းပေးအပ် ခဲ့ပြီး ယခု အကြိမ် မှာ စတုတ္ထ အကြိမ်မြောက် ဖြစ်ကာ နိုင်ငံတကာ အသိုင်းအဝိုင်း တွင်လည်း တရုတ် နိုင်ငံ အစိုးရ က ဗင်နီဇွဲလား နိုင်ငံ အစိုးရ အပေါ် ထောက်ခံအားပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.