Latin America
ဘရာဇီးရှိ နေအိမ်ဥယျာဉ်တစ်ခုအတွင်း လေယာဉ်ငယ်တစ်စီးပျက်ကျရာ လူ၃ဦးသေဆုံး

ရီယိုဒီဂျနေရို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Sao Paulo ပြည်နယ် ရှိ နေအိမ်တစ်ခု၏ ဥယျာဉ်အတွင်းသို့ အောက်တိုဘာ ၉ ရက်က လေယာဉ်တစ်စီးပျက်ကျခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အင်ဂျင်တစ်လုံးတပ် Beechcraft လေယာဉ်သည် ပြည်နယ်မြို့တော် Sao Paulo မြို့ မှ ၄၄၀ကီလိုမီတာ အကွာ Sao Jose do Rio Preto မြို့တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဋ္ဌာနကပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျချိန်တွင် နေအိမ်အတွင်း၌ လူမရှိကြောင်း သိရသည်။
လေယာဉ်သည် နိုင်ငံအနောက်အလယ်ပိုင်း Mato Grosso ပြည်နယ် Tangara da Serra မြို့မှ ထွက်ခွာလာပြီး လေဆိပ်သို့ ဦးတည်ပျံသန်းနေစဉ် ၃၀၀မီတာအလို၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ လေကြောင်းတာဝန်ရှိသူများက လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။ (Xinhua)