Connect with us

Latin America

ဂြိုဟ်တုလွှတ်တင်ပေးသည့် အတွက် တရုတ် နိုင်ငံအား ကျေးဇူးတင်ကြောင်း ဗင်နီဇွဲလား နိုင်ငံ သမ္မတ ပြောကြား

တရုတ် နိုင်ငံ ကျုံချွင် ဂြိုဟ်တု လွှတ်တင်ရေး စင်တာ မှ ဂြိုလ်တု လွှတ်တင်နေစဉ်(ဆင်ဟွာ)

ကာရာကက်စ် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro က အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်ခဲ့သည့် ရုပ်မြင်သံကြား အစီအစဉ် တွင် တရုတ် နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ အတွက် တတိယမြောက် ကိုယ်ပိုင်ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင်ပေး ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

Nicolás Maduro က ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ခြင်းကြောင့် ဗင်နီဇွဲလား နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် လွန်စွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ အပေါ် နည်းပညာ အထောက်အပံ့များ ပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ၊ တတိယမြောက် ကိုယ်ပိုင် ဂြိုဟ်တု ကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ခြင်းကြောင်း ဗင်နီဇွဲလား နိုင်ငံ သည် နည်းပညာ အမှီအခိုမဲ့ လမ်းကြောင်း ကို ပိုမို တက်လှမ်း နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ ၏ တတိယမြောက် သတင်းအချက်အလက် ဂြိုဟ်တု ကို အောက်တိုဘာ ၉ ရက်နေ့ ပေကျင်း စံတော်ချိန် ၁၂ နာရီ ၁၃ မိနစ် အချိန်တွင် တရုတ် နိုင်ငံ ကျုံချွင် ဂြိုဟ်တု လွှတ်တင်ရေး စင်တာ မှ အောင်မြင်စွာ လွှတ်တင်ပေး ခဲ့ခြင်း ဖြစ်ပြီး ယခု လွှတ်တင်ခဲ့သည့် ဂြိုဟ်တု ဖြင့် ဗင်နီဇွဲလား နိုင်ငံ သည် နိုင်ငံအရင်းအမြစ် ရှာဖွေစစ်ဆေးခြင်း ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ခြင်း ၊ သဘာဝဘေး ထိန်းချုပ်ခန့်မှန်း ခြင်း ၊ စိုက်ပျိုရေးထွက်နှုန်း တွက်ချက်ခြင်း နှင့် မြို့ပြအစီအစဉ် ရေးဆွဲခြင်း စသည့် ဆောင်ရွက်မှု များကို ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.