Latin America
ဘရာဇီး ပြန်လည်ထူထောင်ရေး စင်တာ မီးလောင်၊ အနည်းဆုံး ၇ ဦးသေဆုံး
ရီယို ဒီဂျနေရို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ တောင်ပိုင်း Rio Grande do Sul ပြည်နယ်ရှိ ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး စင်တာတွင် ဇူလိုင်လ ၂၁ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အစီရင်ခံစာများ အရ ပြည်နယ်ဆိုင်ရာမြို့တော် Porto Alegre မှ ၇၀ ကီလိုမီတာ အကွာရှိ Arroio dos Ratos မြို့တွင် ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ ရဲတပ်ဖွဲ့က ပြန်လည်ထူထောင်ရေး စင်တာမှ လူနာအချို့သည် စင်တာမှ လွတ်မြောက်ရန် ပုန်ကန် ကြိုးစားကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ယူဆကြသည်။
သေဆုံးသူ အားလုံးသည် အမျိုးသားများ ဖြစ်ကြပြီး ခြောက်ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး အခြား တစ်ဦးမှာ ဆေးရုံသို့သွားရောက်စဉ် လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရသည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ သေဆုံး သူများအား သော့ပိတ်ထားသည့် အခန်းများထဲ၌ တွေ့ရှိရ၍ မီးလောင်မှု ဖြစ်ပွားချိန်၌ ပိတ်မိသေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းနှင့် အခြားသူများသည် မီးလောင်ချိန်၌ ပြတင်းပေါက်မှန်များကို ရိုက်ခွဲ၍ လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)